ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ျမန္မာ ႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆံု 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ျမန္မာ ႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆံု 

ေနျပည္ေတာ္ ၊ ေမ - ၉ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း သည္ ယေန႕ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Hong Liang ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံသည္။ 

ေတြ႕ဆုံပြဲသုိ႕ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႕ သမၼတႏုိင္ငံ သံအမတ္ႀကီးႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။ 

ထိုသို႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံအစိုးရႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးကိစၥရပ္မ်ား၊ တပ္မေတာ္ကလက္နက္ကိုင္ ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး တည္ၿငိမ္ ေအးခ်မ္းစြာျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ပစ္ခတ္မႈမရွိဘဲ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွ အစိုးရႏွင့္တပ္မေတာ္ထံ ၿငိမ္းခ်မ္းစြာ ေဆြးေႏြးညိႇႏိႈင္းမႈမ်ား ျပဳလုပ္ႏိုင္ရန္ႏွင့္ ေဒသခံ ျပည္သူလူထုမ်ား၏ အက်ဳိးစီးပြားအတြက္ တပ္မေတာ္အေနျဖင့္ တစ္ဖက္သက္ပစ္ခတ္ တုိက္ခိုက္ မႈရပ္ဆုိင္းေပးထားမႈအေျခအေနမ်ား၊ ႏွစ္ႏုိင္ငံ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ပူးေပါင္းေဆာင္ရြက္ႏိုင္မည့္ အေျခအေနမ်ားအား ရင္းႏွီး ပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကသည္။ 

ေတြ႕ဆုံပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္ ျမန္မာႏိုင္ငံ ဆိုင္ရာ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ သံအမတ္ႀကီးတို႔သည္ အဖြဲ႕၀င္မ်ား ႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ 

နေပြည်တော် ၊ မေ - ၉ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တပ်မတော်ကလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး တည်ငြိမ် အေးချမ်းစွာဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများ၊ ပစ်ခတ်မှုမရှိဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ အစိုးရနှင့်တပ်မတော်ထံ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်နှင့် ဒေသခံ ပြည်သူလူထုများ၏ အကျိုးစီးပွားအတွက် တပ်မတော်အနေဖြင့် တစ်ဖက်သက်ပစ်ခတ် တိုက်ခိုက် မှုရပ်ဆိုင်းပေးထားမှုအခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News