ေတာင္ငူၿမိဳ႕၊ သမိုင္းဝင္ေရႊဆံေတာ္ ေစတီေတာ္ျမတ္ႀကီး (၄၄၁)နွစ္ေျမာက္ ဗုဒၶပူဇနိယပြဲေတာ္၊ ေစတီေတာ္ျမတ္ႀကီး၏ ေအာင္မဂၤလာခန္းမဖြင့္ပြဲ၊ လုံးေတာ္ျပည့္ ေရႊစင္ေရႊျပားနွင့္ မ်က္ပါးေရႊကပ္လွဴျခင္း၊ ေနပူခံစက်င္ ေက်ာက္ျပား ခင္းျခင္းနွင့္ ေရႊမဂၤလာကန္ေတာ္ ျပဳျပင္ၿပီးစီးမႈ

ေတာင္ငူၿမိဳ႕၊ သမိုင္းဝင္ေရႊဆံေတာ္ ေစတီေတာ္ျမတ္ႀကီး (၄၄၁)နွစ္ေျမာက္ ဗုဒၶပူဇနိယပြဲေတာ္၊ ေစတီေတာ္ျမတ္ႀကီး၏ ေအာင္မဂၤလာခန္းမဖြင့္ပြဲ၊ လုံးေတာ္ျပည့္ ေရႊစင္ေရႊျပားနွင့္ မ်က္ပါးေရႊကပ္လွဴျခင္း၊ ေနပူခံစက်င္ ေက်ာက္ျပား ခင္းျခင္းနွင့္ ေရႊမဂၤလာကန္ေတာ္ ျပဳျပင္ၿပီးစီးမႈ ေရစက္ခ်မဂၤလာျပဳလုပ္

 

ေနျပည္ေတာ္၊ ေမ - ၁၁ 

 

 ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ သမိုင္းဝင္ေရႊဆံေတာ္ ေစတီေတာ္ျမတ္ႀကီး (၄၄၁)ႏွစ္ ေျမာက္ ဗုဒၶပူဇနိယ ပြဲေတာ္၊ ေစတီေတာ္ျမတ္ႀကီး၏ ေအာင္မဂၤလာ ခန္းမဖြင့္ပြဲ၊ လုံးေတာ္ျပည့္ ေရႊစင္ ေရႊျပား ႏွင့္ မ်က္ပါးေရႊကပ္ လွဴျခင္း၊ ေနပူခံစက်င္ ေက်ာက္ျပား ခင္းျခင္းႏွင့္ ေရႊမဂၤလာ ကန္ေတာ္ ျပဳျပင္ၿပီးစီးမႈ ေရစက္ခ် မဂၤလာကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ ေစတီေတာ္ ျမတ္ ႀကီး၌ ျပဳလုပ္ရာ ေတာင္ငူၿမိဳ႕၊ ေအာင္ျမင္ေဇယ်ဳံ ပရိယတၱိ စာသင္တိုက္ ဦးစီးပဓာန နာယက ဆရာေတာ္ ႏိုင္ငံေတာ္ ဗဟိုသံဃာ့ ဝန္ေဆာင္၊ အဂၢမဟာပ႑ိတ ဘဒၵႏၲဇဝန အမွဴးျပဳေသာ သံဃာေတာ္ အရွင္သူျမတ္မ်ား ၾကြေရာက္ေတာ္ မူၾကၿပီး ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္း မွဴး ဗိုလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ေစတနာရွင္ အလွဴရွင္မ်ား၊ ဖိတ္ၾကား ထားေသာ ဧည့္သည္ေတာ္မ်ား တက္ေရာက္ ၾကသည္။

 

 ဦးစြာ သံဃာေတာ္မ်ား ႏွင့္ တက္ေရာက္ လာၾကသူမ်ားက ေတာင္ငူၿမိဳ႕၊ သမိုင္းဝင္ ေရႊဆံ ေတာ္ ေစတီေတာ္ျမတ္ႀကီး (၄၄၁) ႏွစ္ေျမာက္ ဗုဒၶပူဇနိယ ပြဲေတာ္ႏွင့္ အသစ္လွဴဒါန္း ထား သည့္ ေစတီေတာ္ျမတ္ႀကီး၏ ေအာင္မဂၤလာ ခန္းမတို႔ကို ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ ေပးသည္။ ထို႔ ေနာက္ ေစတီေတာ္ျမတ္ႀကီး လုံးေတာ္ျပည့္ ေရႊစင္ေရႊျပားႏွင့္ မ်က္ပါးေရႊကပ္ လွဴျခင္း၊ ေနပူခံ စက်င္ေက်ာက္ျပား ခင္းျခင္းႏွင့္ ေရႊမဂၤလာ ကန္ေတာ္ ျပဳျပင္ၿပီးစီးမႈ ေရစက္ခ် မဂၤလာကို ဆက္လက္ ျပဳလုပ္ရာ တက္ေရာက္ လာၾကသူမ်ားက ေအာင္ျမင္ ေဇယ်ဳံ ပရိယတၱိ စာသင္တိုက္ ေက်ာင္းဆရာေတာ္ထံမွ ငါးပါးသီလ ခံယူ ေဆာက္တည္ ၾကသည္။ 

 

ယင္းေနာက္ တိုင္းမွဴး ႏွင့္ အလွဴရွင္မ်ားက သံဃာေတာ္မ်ားအား နဝကမၼ အလွဴေတာ္ေငြ ႏွင့္ လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းၾကၿပီး အႏုေမာဒနာ တရားနာ ၾကားကာ လွဴဒါန္းမႈ အစုစုတို႔ အတြက္ ေရစက္သြန္းခ် အမွ်ေပးေဝ ၾကၿပီး သံဃာေတာ္ မ်ားအား ေန႔ဆြမ္း ဆက္ကပ္ လွဴဒါန္း ခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး (၄၄၁)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ စေတီတော်မြတ်ကြီး၏ အောင်မင်္ဂလာခန်းမဖွင့်ပွဲ၊ လုံးတော်ပြည့် ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေကပ်လှူခြင်း၊ နေပူခံစကျင် ကျောက်ပြား ခင်းခြင်းနှင့် ရွှေမင်္ဂလာကန်တော် ပြုပြင်ပြီးစီးမှု ရေစက်ချမင်္ဂလာပြုလုပ် 

နေပြည်တော်၊ မေ - ၁၁ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး (၄၄၁)နှစ် မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်၊ စေတီတော်မြတ်ကြီး၏ အောင်မင်္ဂလာ ခန်းမဖွင့်ပွဲ၊ လုံးတော်ပြည့် ရွှေစင် ရွှေပြား နှင့် မျက်ပါးရွှေကပ် လှူခြင်း၊ နေပူခံစကျင် ကျောက်ပြား ခင်းခြင်းနှင့် ရွှေမင်္ဂလာ ကန်တော် ပြုပြင်ပြီးစီးမှု ရေစက်ချ မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော် မြတ် ကြီး၌ ပြုလုပ်ရာ တောင်ငူမြို့၊ အောင်မြင်ဇေယျုံ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇဝန အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော် မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။ 

ဦးစွာ သံဃာတော်များ နှင့် တက်ရောက် လာကြသူများက တောင်ငူမြို့၊ သမိုင်းဝင် ရွှေဆံ တော် စေတီတော်မြတ်ကြီး (၄၄၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် အသစ်လှူဒါန်း ထား သည့် စေတီတော်မြတ်ကြီး၏ အောင်မင်္ဂလာ ခန်းမတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။ ထို့ နောက် စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေကပ် လှူခြင်း၊ နေပူခံ စကျင်ကျောက်ပြား ခင်းခြင်းနှင့် ရွှေမင်္ဂလာ ကန်တော် ပြုပြင်ပြီးစီးမှု ရေစက်ချ မင်္ဂလာကို ဆက်လက် ပြုလုပ်ရာ တက်ရောက် လာကြသူများက အောင်မြင် ဇေယျုံ ပရိယတ္တိ စာသင်တိုက် ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ကြသည်။ 

ယင်းနောက် တိုင်းမှူး နှင့် အလှူရှင်များက သံဃာတော်များအား နဝကမ္မ အလှူတော်ငွေ နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အနုမောဒနာ တရားနာ ကြားကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြပြီး သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News