အာရွ-ပစိဖိတ္ေဒသ၏ ႏုိ္င္ငံတကာေရေၾကာင္းကာကြယ္ေရးျပပြဲႏွင့္ကြန္ဖရင့္(International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို႔ တက္ေရာက္ရန္တပ္မေတာ္(ေရ)မွစစ္ေရယာဥ္(က်န္စစ္သား)ႏွင့္စစ္ေရယာဥ္(ဆင္ျဖဴရွင္)တုိ႔စင္ကာပူႏုိင္သုိ႕ေရာက္ရွိ

အာရွ-ပစိဖိတ္ေဒသ၏ ႏုိ္င္ငံတကာေရေၾကာင္းကာကြယ္ေရးျပပြဲႏွင့္ကြန္ဖရင့္(International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို႔ တက္ေရာက္ရန္တပ္မေတာ္(ေရ)မွစစ္ေရယာဥ္(က်န္စစ္သား)ႏွင့္စစ္ေရယာဥ္(ဆင္ျဖဴရွင္)တုိ႔စင္ကာပူႏုိင္သုိ႕ေရာက္ရွိ

ေနျပည္ေတာ္ ေမ ၁၂ 

စင္ကာပူႏုိင္ငံမွ အိမ္ရွင္အျဖစ္ က်င္းပျပဳလုပ္မည့္ အာရွ-ပစိဖိတ္ေဒသ၏ ႏုိင္ငံတကာ ေရေၾကာင္းကာကြယ္ေရးျပပြဲႏွင့္ ကြန္ဖရင့္(International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို႔ တက္ေရာက္ရန္အတြက္ တပ္မေတာ္(ေရ)မွ ဗိုလ္မွဴးခ်ဳပ္ဇြဲဝင္းျမင့္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕မ်ား ပါဝင္သည့္ စစ္ေရယာဥ္(က်န္စစ္သား)ႏွင့္ စစ္ေရယာဥ္ (ဆင္ျဖဴရွင္)တို႔သည္ ယေန႔ ေန႔လယ္ပိုင္းတြင္ စင္ကာပူႏုိင္ငံ၊ ခ်န္ဂီေရတပ္ဆိပ္ခံ တံတားသို႔ ေရာက္ရွိ ဆိုက္ကပ္ခဲ့ပါသည္။ 

 အဆိုပါ IMDEX Asia 2019 ကို စင္ကာပူႏုိင္ငံ၌ ေမ ၁၃ ရက္မွ ၁၆ ရက္အထိ က်င္းပ ျပဳလုပ္သြားမည္ျဖစ္ၿပီး ျမန္မာႏုိင္ငံအပါအဝင္ ႏုိင္ငံေပါင္း ၁၄ ႏုိင္ငံမွ စစ္ေရယာဥ္ ၂၃ စင္း ပါဝင္ တက္ေရာက္ၾကမည္ျဖစ္ၿပီး သတင္းအခ်က္အလက္ အျပန္အလွန္ဖလွယ္ျခင္း ေလ့က်င့္ခန္းမ်ားႏွင့္ တက္ေရာက္လာသည့္ စစ္ေရယာဥ္မ်ား အျပန္အလွန္ ခ်စ္ၾကည္ေရး ေလ့လာ လည္ပတ္ျခင္းမ်ား ေဆာင္ရြက္ၾကမည္ ျဖစ္ေၾကာင္း သတင္း ရရွိသည္။
 

(Unicode Version)

 

အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံတကာရေကြောင်း ကာကွယ်ရေးပြပွဲနှင့် ကွန်ဖရင့်(International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို့ တက်ရောက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ စင်ကာပူနိုင် သို့ရောက်ရှိ

နေပြည်တော် မေ ၁၂ 

စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံတကာ ရေကြောင်းကာကွယ်ရေးပြပွဲနှင့် ကွန်ဖရင့်(International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို့ တက်ရောက်ရန်အတွက် တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ်ဇွဲဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ ပါဝင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့သည် ယနေ့ နေ့လယ်ပိုင်းတွင် စင်ကာပူနိုင်ငံ၊ ချန်ဂီရေတပ်ဆိပ်ခံ တံတားသို့ ရောက်ရှိ ဆိုက်ကပ်ခဲ့ပါသည်။ 

 အဆိုပါ IMDEX Asia 2019 ကို စင်ကာပူနိုင်ငံ၌ မေ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၂၃ စင်း ပါဝင် တက်ရောက်ကြမည်ဖြစ်ပြီး သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ခြင်း လေ့ကျင့်ခန်းများနှင့် တက်ရောက်လာသည့် စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေး လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
 

Recent News