မရမ္းကုန္းၿမိဳ႕နယ္၊ ကမၻာေအး ကုန္းေျမရွိဝိဇယဓမၼမဂၤလာ သဘင္ခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

မရမ္းကုန္းၿမိဳ႕နယ္၊ ကမၻာေအး ကုန္းေျမရွိဝိဇယဓမၼမဂၤလာ သဘင္ခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၄ 

 

ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမၻာေအးကုန္းေျမရွိ ႏိုင္ငံေတာ္ ပရိယတၱိ သာသနာ့ တကၠသိုလ္(ရန္ကုန္) ဝိဇယဓမၼမဂၤလာ သဘင္ခန္းမ၌ ၂ဝ၁၉ ခုႏွစ္၊မတ္လတြင္ ျပဳလုပ္ခဲ့သည့္ ဓမၼာစရိယႏွင့္ ပထမျပန္စာေမးပြဲ အေျဖလႊာမ်ား လာေရာက္ စစ္ေဆးသည့္ ျမန္မာတစ္ႏိုင္ငံလံုးရွိ စာသင္တုိက္ႀကီးမ်ားမွ စာခ်ဆရာေတာ္မ်ားႏွင့္ နိကာယ္ပညာေရး ဗဟိုအဖြဲ႕မွ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ယေန႔ေန႔လယ္ပိုင္းတြင္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါခန္းမ၌ က်န္းမာ ေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ ၂၅ဝ ပါးတို႔အား ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ေသြးခ်ဳိေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ႏွလုံး ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းမွဴး ဗိုလ္ခ်ဳပ္သက္ပုံႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ကုန်းမြေရှိဝိဇယဓမ္မမင်္ဂလာ သဘင်ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၁၄ 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) ဝိဇယဓမ္မမင်္ဂလာ သဘင်ခန်းမ၌ ၂ဝ၁၉ ခုနှစ်၊မတ်လတွင် ပြုလုပ်ခဲ့သည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အဖြေလွှာများ လာရောက် စစ်ဆေးသည့် မြန်မာတစ်နိုင်ငံလုံးရှိ စာသင်တိုက်ကြီးများမှ စာချဆရာတော်များနှင့် နိကာယ်ပညာရေး ဗဟိုအဖွဲ့မှ ဆရာတော်၊ သံဃာတော်များအား ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါခန်းမ၌ ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၂၅ဝ ပါးတို့အား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးချိုရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံး ရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News