မႏၲေလးတိုင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္အတြင္း တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖဲြ႔က ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား စတင္ေဆာင္ရြက္ 

မႏၲေလးတိုင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္အတြင္း တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖဲြ႔က ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား စတင္ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၄ 

 

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ခ႐ိုင္၊ သပိတ္က်င္းၿမိဳ႕နယ္သို႔ ေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္ အထူးေဆး ကုသေရးအဖြဲ႕သည္ ယေန႔တြင္ တြင္းငယ္ရြာရွိ နယ္ေျမခံသင္တန္းေက်ာင္း၌ အေျချပဳ၍ တြင္းငယ္ေက်းရြာႏွင့္ ရွားေတာေက်းရြာ၊ ေဒါင္းပုန္းေက်းရြာ တို႔မွ ေဒသခံျပည္သူမ်ားအား လည္းေကာင္း၊ နယ္လွည့္ေဆးကုအဖြဲ႕သည္ ေက်ာက္ျဖဴေက်းရြာအုပ္စု၊ ေတာင္လယ္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း ခြဲတြင္ ေက်ာက္ျဖဴေက်းရြာႏွင့္ ေတာင္လယ္ေက်းရြာရွိ ေဒသခံျပည္သူမ်ားအားလည္းေကာင္း စုစုေပါင္း ေဒသခံျပည္သူ ၈၆၁ ဦးအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။  

 

ထုိသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆိုင္ရာေရာဂါ ၂၁၅ ဦး၊ ခြဲစိတ္ေရာဂါ ၇၅ ဦး၊ ကေလးေရာဂါ ၇ဝ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၄၅ ဦး၊ အ႐ိုးေရာဂါ ၇ဝ ဦး၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ ၅၅ ဦး၊ မ်က္စိေရာဂါ ၁၆ဝ ဦး၊ သြားေရာဂါ ၁၁၆ ဦးႏွင့္ အေထြေထြေရာဂါ ၅၅ ဦးတို႔ကို လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ၎တို႔အနက္မွ မ်က္စိခြဲစိတ္ လူနာရွစ္ဦးႏွင့္ အေထြေထြ ခြဲစိတ္လူနာ ၁ဝ ဦးတို႔ကို ေရြ႕လ်ားခြဲစိတ္ယာဥ္မ်ားျဖင့္ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ ထို႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၂ဝ ဦး၊ တယ္လီေဗးရွင္း ဓာတ္မွန္႐ိုက္လူနာ ၃၅ ဦး၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္လူနာ ၃၂ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္လူနာ ၄၅ ဦးတို႔ကို ေရာဂါရွာေဖြ စမ္းသပ္ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်း တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက် 

နေပြည်တော် မေ ၁၄ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်သို့ ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေး ကုသရေးအဖွဲ့သည် ယနေ့တွင် တွင်းငယ်ရွာရှိ နယ်မြေခံသင်တန်းကျောင်း၌ အခြေပြု၍ တွင်းငယ်ကျေးရွာနှင့် ရှားတောကျေးရွာ၊ ဒေါင်းပုန်းကျေးရွာ တို့မှ ဒေသခံပြည်သူများအား လည်းကောင်း၊ နယ်လှည့်ဆေးကုအဖွဲ့သည် ကျောက်ဖြူကျေးရွာအုပ်စု၊ တောင်လယ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ခွဲတွင် ကျောက်ဖြူကျေးရွာနှင့် တောင်လယ်ကျေးရွာရှိ ဒေသခံပြည်သူများအားလည်းကောင်း စုစုပေါင်း ဒေသခံပြည်သူ ၈၆၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၁၅ ဦး၊ ခွဲစိတ်ရောဂါ ၇၅ ဦး၊ ကလေးရောဂါ ၇ဝ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၅ ဦး၊ အရိုးရောဂါ ၇ဝ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၅၅ ဦး၊ မျက်စိရောဂါ ၁၆ဝ ဦး၊ သွားရောဂါ ၁၁၆ ဦးနှင့် အထွေထွေရောဂါ ၅၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ် လူနာရှစ်ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁ဝ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်များဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂ဝ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News