

နေပြည်တော် မေ ၁၄



 

(Unicode Version)

 

လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြို့တွင်း ဆက်လက် လေ့လာ

နေပြည်တော် မေ ၁၄

 ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ လေတပ်စခန်း ဌာနချုပ်များ၌ ဖွင့်လှစ်သင်ကြား လျက်ရှိသည့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)သို့တက်ရောက်နေသည့် စခန်းပေါင်းစုံမှ သင်တန်း သား၊ သင်တန်းသူများနှင့်  အုပ်ချုပ်သူ/ နည်းပြ/ဆရာ၊ ဆရာမများ ၇၂ဝ ဦးတို့ပါဝင်သည့် လေ့လာရေးအဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်၍ ရင်ပြင်တော်တစ်ဝိုက် လေ့လာကြ သည်။ 

ထို့နောက် လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံတပ်နယ်ရှိ လေယာဉ်အကြီးစား ပြင်ဆင်နေမှုများ၊ လေယာဉ်များ အိုဗာဟောလ်ပြုလုပ်နေမှုနှင့် တပ်ဆင်စမ်းသပ်နေမှုများကို သွားရောက်လေ့လာကြရာ တာဝန်ရှိသူများ က ရှင်းလင်းပြောကြားသည်။ ထို့နောက် လေ့လာရေး အဖွဲ့သည် လေယာဉ်အစိတ်အပိုင်းများ အကြီးစား ပြင်ဆင်နေမှုများနှင့် အင်ဂျင်စမ်းသပ်ခန်းများအား  လေ့လာခဲ့ကြောင်း သတင်း ရရှိသည်။

Recent News