ဧရာဝတီတုိင္းေဒသႀကီး၊ ဟသၤာတခ႐ိုင္၊ အဂၤပူၿမိဳ႕နယ္အတြင္း တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖဲြ႕က ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား စတင္ေဆာင္ရြက္ 

ဧရာဝတီတုိင္းေဒသႀကီး၊ ဟသၤာတခ႐ိုင္၊ အဂၤပူၿမိဳ႕နယ္အတြင္း တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖဲြ႕က ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား စတင္ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၄ 

 

ဧရာဝတီတုိင္းေဒသႀကီး၊ ဟသၤာတခ႐ိုင္၊ အဂၤပူၿမိဳ႕နယ္သို႔ ေရာက္ရွိေနေသာ တပ္မေတာ္ နယ္လွည့္အထူးေဆးကုသေရး အဖြဲ႕သည္ ယေန႔တြင္ ကြင္းေကာက္ၿမိဳ႕ နယ္ေျမခံ သင္တန္းေက်ာင္း၌ အေျချပဳ၍ ေဒသခံျပည္သူမ်ားအား လည္းေကာင္း၊ နယ္လွည့္အထူး ေဆးကုသေရး အဖဲြ႕သည္ ကြင္းေကာက္ၿမိဳ႕ ျမတ္ဓမၼေရာင္ျခည္ သာသနာ့ဗိမာန္ ဓမၼာ႐ံုႀကီး၌ ကြင္းေကာက္ၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား လည္းေကာင္း စုစုေပါင္း ေဒသခံျပည္သူ ၉၁၄ ဦးအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆုိင္ရာ ေရာဂါ ၁၆၇ ဦး၊ ခြဲစိတ္ေရာဂါ ၅၆ ဦး၊ ကေလးေရာဂါ ၂၈ ဦး၊ သားဖြား/မီးယပ္ ေရာဂါ ၁၁ ဦး၊ အ႐ိုးေရာဂါ ၁၇၈ ဦး၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ ၂၅ ဦး၊ မ်က္စိေရာဂါ ၁၃၁ ဦး၊ သြားေရာဂါ ၆၁ ဦးႏွင့္ အေထြေထြေရာဂါ ၂၅၇ ဦးတုိ႔ကို လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ၎တုိ႔အနက္မွ မ်က္စိခြဲစိတ္လူနာ တစ္ဦးႏွင့္ အေထြေထြ ခြဲစိတ္လူနာ တစ္ဦးတုိ႔ကို ေရြ႕လ်ားခြဲစိတ္ ယာဥ္မ်ားျဖင့္ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိ႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၂၆ ဦး၊ တယ္လီေဗးရွင္း ဓာတ္မွန္႐ိုက္လူနာ ၄၆ ဦး၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ လူနာ ၃၄ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္ လူနာ ၃၅ ဦးတုိ႔ကို ေရာဂါရွာေဖြ စမ္းသပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္ေသာ ေဒသခံျပည္သူ တစ္ဦးအား ေနျပည္ေတာ္ရွိ တပ္မေတာ္ေဆး႐ံုႀကီးသုိ႔ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက် 

နေပြည်တော် မေ ၁၄ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်သို့ ရောက်ရှိနေသော တပ်မတော် နယ်လှည့်အထူးဆေးကုသရေး အဖွဲ့သည် ယနေ့တွင် ကွင်းကောက်မြို့ နယ်မြေခံ သင်တန်းကျောင်း၌ အခြေပြု၍ ဒေသခံပြည်သူများအား လည်းကောင်း၊ နယ်လှည့်အထူး ဆေးကုသရေး အဖွဲ့သည် ကွင်းကောက်မြို့ မြတ်ဓမ္မရောင်ခြည် သာသနာ့ဗိမာန် ဓမ္မာရုံကြီး၌ ကွင်းကောက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား လည်းကောင်း စုစုပေါင်း ဒေသခံပြည်သူ ၉၁၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၆၇ ဦး၊ ခွဲစိတ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၂၈ ဦး၊ သားဖွား/မီးယပ် ရောဂါ ၁၁ ဦး၊ အရိုးရောဂါ ၁၇၈ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၂၅ ဦး၊ မျက်စိရောဂါ ၁၃၁ ဦး၊ သွားရောဂါ ၆၁ ဦးနှင့် အထွေထွေရောဂါ ၂၅၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ တစ်ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ တစ်ဦးတို့ကို ရွေ့လျားခွဲစိတ် ယာဉ်များဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ 

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၆ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၄၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၃၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၃၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ တစ်ဦးအား နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီးသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News