အေျခခံပညာ စာသင္ေက်ာင္းမ်ား၌ စုေပါင္း သန္႔ရွင္းေရးမ်ား ျပဳလုပ္ 

အေျခခံပညာ စာသင္ေက်ာင္းမ်ား၌ စုေပါင္း သန္႔ရွင္းေရးမ်ား ျပဳလုပ္ 

ေနျပည္ေတာ္ ေမ ၁၄

 ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေက်ာင္းဖြင့္ခ်ိန္တြင္ စိတ္ေအးခ်မ္းသာစြာ ပညာသင္ၾကားႏိုင္ေစရန္ႏွင့္ ေက်ာင္းပတ္ဝန္းက်င္ သန္႔ရွင္းသာယာ လွပေစေရးတို႔ အတြက္ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားအလိုက္ အေျခခံ ပညာေက်ာင္း မ်ား၌ သန္႔ရွင္းေရး လုပ္ငန္းမ်ား စုေပါင္း ေဆာင္ရြက္ေပးလ်က္ရွိသည္။ 

ထိုသို႔ ေဆာင္ရြက္ေပးရာတြင္ ယေန႔တြင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက ရပ္ေစာက္ၿမိဳ႕နယ္၊ အုတ္က်င္းေက်းရြာ၊ အေျခခံပညာ မူလတန္းေက်ာင္းတို႔၌ လည္းေကာင္း၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက ဒလၿမိဳ႕နယ္၊ ကမာကသြယ္ရပ္ကြက္ရွိ အမွတ္(၁၇) အေျခခံပညာမူလတန္းေက်ာင္း၌ လည္းေကာင္း၊အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက က်ဳံေပ်ာ္ၿမိဳ႕၊ အေျခခံပညာ အလယ္တန္းေက်ာင္း(ရြာသစ္)၌လည္းေကာင္း၊ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေတာင္ကုတ္တပ္နယ္ရွိ အမွတ္(၃) အေျခခံပညာ အထက္တန္းေက်ာင္း၌ လည္းေကာင္း၊ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက ေတာင္ငူၿမိဳ႕နယ္၊ ေညာင္သုံးပင္ေက်းရြာ၊ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ လည္းေကာင္း အသီးသီး စုေပါင္းသန္႔ရွင္းေရး ေဆာင္ရြက္ေပးသည္။ 

ထို႔ျပင္ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ ေညာင္သုံးပင္ေက်းရြာ၊ အေျခခံပညာမူလတန္းလြန္ ေက်ာင္းအတြက္ လိုအပ္ေသာ အမုိးသြပ္ ၃၄၇ ခ်ပ္အား ေပးအပ္ လွဴဒါန္းခဲ့ၿပီး အစားထိုး လဲလွယ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထုိသို႔ေဆာင္ရြက္ေပးရာတြင္ တိုင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေက်ာင္းဝင္းမ်ား အတြင္း/အျပင္ရွိ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ အမိႈက္မ်ား ရွင္းလင္းျခင္းႏွင့္ စာသင္ေက်ာင္း အမိုးမ်ား ျပန္လည္ျပဳျပင္ေပးျခင္း၊ စာသင္ခံုမ်ား ေနရာခ်ထားေပးျခင္းႏွင့္ ေရစီးေရလာ ေကာင္းမြန္ေစရန္ ေရႏုတ္ေျမာင္းမ်ား တူးေဖာ္ေပးျခင္း၊ ျခင္ေဆးဖ်န္းျခင္းႏွင့္ စုေပါင္းသန္႔ရွင္းေရး လုပ္ငန္းမ်ား စုေပါင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။    

(Unicode Version)

အခြေခံပညာ စာသင်ကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးများ ပြုလုပ် 

နေပြည်တော် မေ ၁၄ 

ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့ အတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် အခြေခံ ပညာကျောင်း များ၌ သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရပ်စောက်မြို့နယ်၊ အုတ်ကျင်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတို့၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်ရှိ အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်း၌ လည်းကောင်း၊အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကျုံပျော်မြို့၊ အခြေခံပညာ အလယ်တန်းကျောင်း(ရွာသစ်)၌လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တောင်ကုတ်တပ်နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တောင်ငူမြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ လည်းကောင်း အသီးသီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးသည်။ 

ထို့ပြင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ညောင်သုံးပင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန် ကျောင်းအတွက် လိုအပ်သော အမိုးသွပ် ၃၄၇ ချပ်အား ပေးအပ် လှူဒါန်းခဲ့ပြီး အစားထိုး လဲလှယ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ကျောင်း အမိုးများ ပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။    

Recent News