ေတာင္ႀကီးၿမိဳ႕နယ္၊ ေရႊေညာင္ၿမိဳ႕၊ ေအာင္သေျပရပ္ကြက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေတာင္ႀကီးၿမိဳ႕နယ္၊ ေရႊေညာင္ၿမိဳ႕၊ ေအာင္သေျပရပ္ကြက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၄ 

 

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေရႊေညာင္ၿမိဳ႕၊ ေအာင္သေျပ ရပ္ကြက္ႏွင့္ ပတ္ဝန္းက်င္ရပ္ကြက္မ်ားမွ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ အေရွ႕ပုိင္းတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆး ကုသေရး အဖြဲ႕က အဆုိပါ ရပ္ကြက္ရွိ ဓမၼပါလဓမၼာ႐ံု၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံ တုိင္းရင္းသားျပည္သူ ၂ဝ၁ ဦးတို႔ကုိ သြားႏွင့္ခံတြင္းေရာဂါ၊ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါ တုိ႔ႏွင့္ ပတ္သက္၍ လုိအပ္ သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး လုိအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၁၄ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေ ရပ်ကွက်နှင့် ပတ်ဝန်းကျင်ရပ်ကွက်များမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့က အဆိုပါ ရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၂ဝ၁ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ် သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News