ခေမာက္ႀကီးၿမိဳ႕၊ ေဖာင္ဆိပ္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ခေမာက္ႀကီးၿမိဳ႕၊ ေဖာင္ဆိပ္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 
 

ေနျပည္ေတာ္ ေမ ၁၄ 

 

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ ခေမာက္ႀကီးၿမိဳ႕၊ ေဖာင္ဆိပ္ေက်းရြာရွိ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်းရြာရွိ အုပ္ခ်ဳပ္ေရးမွဴး႐ံုး၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ ထိုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၁ဝ၅ ဦးတို႔ကို အ႐ိုး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ ကေလးေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ခမောက်ကြီးမြို့၊ ဖောင်ဆိပ်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၁၄ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဖောင်ဆိပ်ကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁ဝ၅ ဦးတို့ကို အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News