ေလျပင္း တုိက္ခတ္မႈေၾကာင့္ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ေက်းရြာမ်ားသုိ႔ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

ေလျပင္း တုိက္ခတ္မႈေၾကာင့္ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ေက်းရြာမ်ားသုိ႔ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၅ 

 

စစ္ကုိင္းတုိင္းေဒသႀကီး၊ ကနီၿမိဳ႕နယ္အတြင္း ေမ ၁၃ ရက္ ညေနပုိင္းတြင္ မုိးရြာသြန္းၿပီး ေလျပင္း တုိက္ခတ္မႈေၾကာင့္ ကနီၿမိဳ႕နယ္အတြင္း ေက်းရြာမ်ားရွိ ဘုန္းႀကီးေက်ာင္းမ်ား၊ စာသင္ေက်ာင္းမ်ား၊ ဌာနဆုိင္ရာ အေဆာက္အအုံ မ်ားႏွင့္ လူေနအိမ္မ်ား အမုိးလန္ျခင္း၊ ၿပိဳက်ပ်က္စီးျခင္းမ်ား၊ သစ္ပင္သစ္ကုိင္းမ်ား က်ဳိးက်ျခင္းမ်ားျဖစ္ေပၚခဲ့သည္။ 

 

အဆုိပါေလျပင္း တုိက္ခတ္မႈေၾကာင့္ ပ်က္စီးျခင္းမ်ား ျဖစ္ေပၚခဲ့ေသာ ေနရာမ်ားအား ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိရာ ယေန႔တြင္ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၊ မုံရြာတပ္နယ္မွ တပ္မေတာ္သား မ်ားက ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ ကနီၿမိဳ႕နယ္၊ ဝရာေက်းရြာရွိ မဟာေရႊမုေ႒ာ ဘုန္းႀကီးေက်ာင္းႏွင့္ အေျခခံပညာ အလယ္ တန္းေက်ာင္း၊ ကြၽဲတက္ေက်းရြာရွိ ျပည္လုံး ခ်မ္းသာဘုန္းႀကီးေက်ာင္း၊ သီရိမဂၤလာဘုန္းႀကီး ေက်ာင္းႏွင့္ အေျခခံပညာ မူလတန္းေက်ာင္း၊ ဇီးျဖဴကုန္းေက်းရြာရွိ မဟာယာႀကီး ဘုန္းႀကီး ေက်ာင္း၊ ကံဇိဘေက်းရြာရွိ ေညာင္ပင္သာ ဘုန္းႀကီးေက်ာင္းႏွင့္ အေျခခံပညာအလယ္တန္း ေက်ာင္းမ်ား၌ အပ်က္အစီးမ်ား ျပန္လည္ ရွင္းလင္းဖယ္ရွားျခင္း၊ သစ္ပင္၊ သစ္ကုိင္းမ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ အမုိးမ်ားျပန္လည္ ျပဳျပင္ေပးျခင္း စသည့္ကူညီ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း သတင္း ရရွိသည္။      

 

(Unicode Version)

 

      

လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် 

နေပြည်တော် မေ ၁၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း မေ ၁၃ ရက် ညနေပိုင်းတွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ကနီမြို့နယ်အတွင်း ကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံ များနှင့် လူနေအိမ်များ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများ၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းများဖြစ်ပေါ်ခဲ့သည်။ 
 

အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သော နေရာများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ တပ်မတော်သား များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ကနီမြို့နယ်၊ ဝရာကျေးရွာရှိ မဟာရွှေမုဋ္ဌော ဘုန်းကြီးကျောင်းနှင့် အခြေခံပညာ အလယ် တန်းကျောင်း၊ ကျွဲတက်ကျေးရွာရှိ ပြည်လုံး ချမ်းသာဘုန်းကြီးကျောင်း၊ သီရိမင်္ဂလာဘုန်းကြီး ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း၊ ဇီးဖြူကုန်းကျေးရွာရှိ မဟာယာကြီး ဘုန်းကြီး ကျောင်း၊ ကံဇိဘကျေးရွာရှိ ညောင်ပင်သာ ဘုန်းကြီးကျောင်းနှင့် အခြေခံပညာအလယ်တန်း ကျောင်းများ၌ အပျက်အစီးများ ပြန်လည် ရှင်းလင်းဖယ်ရှားခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမိုးများပြန်လည် ပြုပြင်ပေးခြင်း စသည့်ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။     

Recent News