အဂၤပူၿမိဳ႕နယ္အတြင္း တပ္မေတာ္ နယ္လွည့္အထူး ေဆးကုသေရး အဖြဲ႕က ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

အဂၤပူၿမိဳ႕နယ္အတြင္း တပ္မေတာ္ နယ္လွည့္အထူး ေဆးကုသေရး အဖြဲ႕က ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၅ 

ဧရာဝတီတိုင္းေဒသႀကီး အတြင္း ေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႕သည္ ယေန႔တြင္ အဂၤပူၿမိဳ႕နယ္၊ ကြင္းေကာက္ၿမိဳ႕ရွိ ေဒသခံျပည္သူမ်ားကို ျမတ္ဓမၼေရာင္ျခည္ သာသနာ့ဗိမာန္ေတာ္ ဓမၼာ႐ုံႀကီး၌ အေျချပဳ၍ လည္းေကာင္း၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕သည္ ေလးမ်က္ႏွာၿမိဳ႕နယ္၊ ေလွ်ာျပာေက်းရြာရွိ ေဒသခံျပည္သူမ်ားကို ေက်းရြာအေျခခံပညာ အလယ္တန္းေက်ာင္း၌ လည္းေကာင္း စုစုေပါင္းေဒသခံျပည္သူ ၁၂ဝဝ ဦးအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆိုင္ရာ ေရာဂါ ၂၇၄ ဦး၊ ခြဲစိတ္ေရာဂါ ၁၁၈ ဦး၊ ကေလးေရာဂါ ၆၉ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၅၅ ဦး၊ အ႐ိုးေရာဂါ ၂ဝ၄ ဦး၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ ၇၃ ဦး၊ မ်က္စိေရာဂါ ၁၃၈ ဦး၊ သြားေရာဂါ ၆၄ ဦးႏွင့္ အေထြေထြေရာဂါ ၂ဝ၅ ဦးတို႔ကို လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ၎တို႔အနက္မွ မ်က္စိခြဲစိတ္လူနာ ၁၅ ဦးႏွင့္ အေထြေထြခြဲစိတ္လူနာ ၁၃ ဦးတို႔ကို ေရြ႕လ်ားခြဲစိတ္ယာဥ္ျဖင့္ ခြဲစိတ္ကုသမႈမ်ားေဆာင္ရြက္ေပးကာ ေဆး႐ုံတက္ေရာက္ ကုသရန္ လိုအပ္သူ ၁၄ ဦးကို ေနျပည္ေတာ္ႏွင့္ ပုသိမ္ၿမိဳ႕တို႔ရွိ တပ္မေတာ္ေဆး႐ုံမ်ားသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ ေပးသည္။ 

ထို႔ျပင္ ဓာတ္မွန္႐ုိက္လူနာ ၃၅ ဦး၊ တယ္လီေဗးရွင္း ဓာတ္မွန္႐ိုက္လူနာ ၉၇ ဦး၊ ႏဃြ စက္ျဖင့္ ႏွလုံးစမ္းသပ္လူနာ ၂၄ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္ လူနာ ၆၅ ဦးတို႔ကို ေရာဂါရွာေဖြ စမ္းသပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ေဆာင္ရြက္ေပးမႈမ်ားကို အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္မွဴးခ်ဳပ္ ရဲဝင္းဦးႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ ဆက္ခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version) 

အင်္ဂပူမြို့နယ်အတွင်း တပ်မတော် နယ်လှည့်အထူး ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် 

နေပြည်တော် မေ ၁၅ 

ဧရာဝတီတိုင်းဒေသကြီး အတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့တွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ရှိ ဒေသခံပြည်သူများကို မြတ်ဓမ္မရောင်ခြည် သာသနာ့ဗိမာန်တော် ဓမ္မာရုံကြီး၌ အခြေပြု၍ လည်းကောင်း၊ နယ်လှည့် ဆေးကုသရေးအဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လျှောပြာကျေးရွာရှိ ဒေသခံပြည်သူများကို ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း၌ လည်းကောင်း စုစုပေါင်းဒေသခံပြည်သူ ၁၂ဝဝ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၇၄ ဦး၊ ခွဲစိတ်ရောဂါ ၁၁၈ ဦး၊ ကလေးရောဂါ ၆၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၂ဝ၄ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၇၃ ဦး၊ မျက်စိရောဂါ ၁၃၈ ဦး၊ သွားရောဂါ ၆၄ ဦးနှင့် အထွေထွေရောဂါ ၂ဝ၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၁၅ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၃ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၁၄ ဦးကို နေပြည်တော်နှင့် ပုသိမ်မြို့တို့ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။ 

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၉၇ ဦး၊ နဃွ စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၆၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News