တပ္မေတာ္ျမစ္တြင္းသြား ေဆး႐ုံေရယာဥ္ (ေရႊပုဇြန္)ႏွင့္ ျမစ္ေရယာဥ္(စကု)တုိ႔ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ရွိေက်းရြာမ်ားမွ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

တပ္မေတာ္ျမစ္တြင္းသြား ေဆး႐ုံေရယာဥ္ (ေရႊပုဇြန္)ႏွင့္ ျမစ္ေရယာဥ္(စကု)တုိ႔ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ရွိေက်းရြာမ်ားမွ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၅ 

 

ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ ေပးရန္ ေရာက္ရွိေနသည့္ တပ္မေတာ္နယ္လွည့္ အထူးကုေဆးအဖြဲ႕မ်ား ပါဝင္ေသာ တပ္မေတာ္ ျမစ္တြင္းသြား ေဆး႐ုံေရယာဥ္ (ေရႊပုဇြန္)ႏွင့္ ျမစ္ေရယာဥ္(စကု)တုိ႔သည္ ေမ ၁၄ ရက္ ႏွင့္ ယေန႔တုိ႔တြင္ ဧရာဝတီတုိင္းေဒသႀကီး၊ ဘုိကေလးၿမိဳ႕နယ္၊ တူးေျမာင္းေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေဒသခံျပည္သူ ၁၅၇၁ ဦးအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈ ဆုိင္ရာေရာဂါ ၂၆၉ ဦး၊ ခြဲစိတ္ေရာဂါ ၁၃၃ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၉၃ ဦး၊ ကေလး ေရာဂါ ၁၃၈ ဦး၊ အ႐ုိးေရာဂါ ၃ဝ၈ ဦး၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၁ဝ၆ ဦး၊ မ်က္စိေရာဂါ ၃၁၆ ဦးႏွင့္ သြားေရာဂါ ၂ဝ၈ ဦးတုိ႔ကုိ လုိအပ္သည့္ ေဆးဝါးကုသမႈ မ်ားေဆာင္ရြက္ေပးၿပီး ၎တုိ႔အနက္မွ မ်က္စိခြဲစိတ္လူနာ ၁၁ ဦးႏွင့္ အေထြေထြ ခြဲစိတ္လူနာ ၂၇ ဦးတို႔ကုိ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးကာ ဓာတ္မွန္႐ုိက္လူနာ ၃၂ ဦး၊ တယ္လီေဗးရွင္း ဓာတ္မွန္႐ုိက္လူနာ ၃၆ ဦး၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္လူနာ ၉၁ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္ လူနာ ၁၄၆ ဦးတို႔ကုိ ေရာဂါရွာေဖြ စမ္းသပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးႏိုင္ခဲ့ၿပီး ေဆး႐ုံေရယာဥ္ေပၚရွိ သားဖြားခန္း၌ ကုိယ္ဝန္ေဆာင္ မိခင္တစ္ဦး အား ေအာင္ျမင္စြာ ေမြးဖြားေပးႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် 

နေပြည်တော် မေ ၁၅ 

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် မေ ၁၄ ရက် နှင့် ယနေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ တူးမြောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၅၇၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၆၉ ဦး၊ ခွဲစိတ်ရောဂါ ၁၃၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၉၃ ဦး၊ ကလေး ရောဂါ ၁၃၈ ဦး၊ အရိုးရောဂါ ၃ဝ၈ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁ဝ၆ ဦး၊ မျက်စိရောဂါ ၃၁၆ ဦးနှင့် သွားရောဂါ ၂ဝ၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၁၁ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၂၇ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၃၂ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၁၄၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင်တစ်ဦး အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News