

နေပြည်တော် မေ ၁၅

 


 


 


 

(Unicode Version)

 

အခြေခံပညာ စာသင်ကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးများ ဆက်လက်ပြုလုပ် 

နေပြည်တော် မေ ၁၅ 

ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့ အတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် အခြေခံ ပညာကျောင်း များ၌ သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရပ်စောက်မြို့၊ ညောင်ပင်သာကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက မြိတ်မြို့နယ်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)(ရွှေဒူး)နှင့် အခြေခံပညာ အထက်တန်းကျောင်း(ပနို)၊ ထားဝယ်မြို့နယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ရေဖြူမြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း (တလိုင်းယာ)၊ ကလိန်အောင်မြို့၊ အခြေခံပညာ မူလတန်းကျောင်း(မိချောင်းလှောင်)၊ သရက်ချောင်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(အိမ်ရှေ့ပြင်ရွာ)၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အခြေခံပညာ မူလတန်းကျောင်း(မျှစ်ချဉ်စု)၊ တနင်္သာရီမြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း(ကမ္မလိုင်း)၊ ဘုတ်ပြင်းမြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း(ဘုတ်ပြင်း)၊ ကရသူရိမြို့၊ အခြေခံပညာ မူလတန်းကျောင်း(ဟန်ကဒိုင်း)၊ ကော့သောင်းမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း (ကော့သောင်း)၊ ခမောက်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(စိုင်ဒင်း)နှင့် အခြေခံပညာ မူလတန်းကျောင်း (စမ်းသီတာ)တို့၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်သားများက မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(အောင်ဆန်းသူရိယ လှသောင်းကျောင်း)၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားက အိမ်မဲမြို့၊ အခြေခံပညာ အလယ်တန်းကျောင်း(စာချွန်ခံ)၌ လည်းကောင်း၊အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဂွတပ်နယ်မှ တပ်မတော်သားများက ဂွမြို့နယ်၊ အလယ်ရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း တို့၌ လည်းကောင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ကျောင်း အမိုးများ ပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News