ေသာက္သံုးေရရွားပါးမႈ ႀကံဳေတြ႕ေနရေသာ ေက်းရြာမ်ားသို႔ တုိင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ တပ္မေတာ္သားမ်ားက ေသာက္သံုးေရမ်ား ဆက္လက္ျဖန္႔ေဝ လွဴဒါန္း 

ေသာက္သံုးေရရွားပါးမႈ ႀကံဳေတြ႕ေနရေသာ ေက်းရြာမ်ားသို႔ တုိင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ တပ္မေတာ္သားမ်ားက ေသာက္သံုးေရမ်ား ဆက္လက္ျဖန္႔ေဝ လွဴဒါန္း 

 

ေနျပည္ေတာ္ ေမ ၁၅ 

ႏွစ္စဥ္ေႏြရာသီတြင္ ေသာက္သံုးေရ ရွားပါးမႈႀကံဳေတြ႕ေနရေသာ ျပည္နယ္ႏွင့္ တုိင္းေဒသႀကီးအခ်ဳိ႕ရွိ ေက်းရြာမ်ားသို႔ သက္ဆုိင္ရာ တုိင္းစစ္ဌာနခ်ဳပ္မ်ားမွ တပ္မေတာ္သား မ်ားက ေရသယ္ယာဥ္မ်ားျဖင့္ ေသာက္သံုးေရမ်ား သြားေရာက္ျဖန္႔ေဝ လွဴဒါန္းေပးလ်က္ ရွိသည္။ 

 

ထုိသို႔ျဖန္႔ေဝ လွဴဒါန္းေပးလ်က္ရွိရာ ယေန႔တြင္ အေရွ႕ပုိင္းတုိင္း စစ္ဌာနခ်ဳပ္က ေတာင္ ႀကီးၿမိဳ႕နယ္၊ ေရႊေညာင္ၿမိဳ႕၊ ေငြေတာင္(အေပၚ)ေက်းရြာ၊ ေရျဖဴေက်းရြာႏွင့္ ရပ္ေစာက္ၿမိဳ႕၊ ပိႏၷဲပင္ေက်းရြာမ်ားသို႔ ေသာက္သံုးေရဂါလန္ ၄၈ဝဝ ကို လည္းေကာင္း၊ အေနာက္ေတာင္ တုိင္းစစ္ဌာနခ်ဳပ္က အဂၤပူၿမိဳ႕နယ္၊ ေရႊႏုိင္ဝ ေက်းရြာ၊ လပြတၱာၿမိဳ႕နယ္၊ ငွက္သုိက္ေက်းရြာႏွင့္ ငွက္က်ေက်းရြာမ်ားသို႔ ေသာက္သံုးေရ ဂါလန္ ၃ဝဝဝ ကို လည္းေကာင္း၊ အေနာက္ ပုိင္းတုိင္း စစ္ဌာနခ်ဳပ္က ေက်ာက္ျဖဴၿမိဳ႕နယ္၊ စစ္ေတာေက်းရြာအုပ္စု၊ ဦးကင္းေက်းရြာသို႔ ေသာက္သံုးေရဂါလန္ ၂၈ဝဝ ကို လည္းေကာင္း၊ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္က ကေလး ၿမိဳ႕နယ္၊ ေမာ္လိုက္ ကေလးေက်းရြာႏွင့္ ကံသာယာေက်းရြာရွိ ေထရဝါဒဗုဒၶသာသနာျပဳ ဗဟုိေက်ာင္းတုိ႔သို႔ ေသာက္သံုးေရဂါလန္ ၃၆ဝဝ ကို လည္းေကာင္း၊ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္က မိတီၴလာၿမိဳ႕နယ္၊ ဆူျဖဴကြက္ ေက်းရြာ၊ ရမည္းသင္းၿမိဳ႕နယ္၊ သာစည္ေက်း ရြာႏွင့္ အမွတ္(၁)အေျခခံပညာ အထက္တန္း ေက်ာင္းမ်ားသို႔ ေသာက္သံုးေရဂါလန္ ၇ဝ၃ဝကို လည္းေကာင္း၊ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္က ေတာင္ငူၿမိဳ႕နယ္၊ ၅ မုိင္ေက်းရြာႏွင့္ ပန္းေတာင္းၿမိဳ႕နယ္၊ ေျပာင္ရင္း ေက်းရြာမ်ားသို႔ ေသာက္သံုးေရဂါလန္ ၂၇၅၂ ကိုလည္းေကာင္း အသီးသီး သြားေရာက္ျဖန္႔ေဝ လွဴဒါန္းၾကသည္။

 

 ေရလွဴဒါန္းမႈ အေနျဖင့္ ယေန႔တြင္ တုိင္းစစ္ဌာနခ်ဳပ္ ၆ တုိင္းတုိ႔မွ ေသာက္သံုးေရ ဂါလန္ ၂၃၉၈၂ ကို လွဴဒါန္းေပးႏုိင္ခဲ့ၿပီး အဆုိပါေသာက္သံုးေရ ရွားပါးမႈႀကံဳေတြ႕ေနရ ေသာေနရာမ်ားသို႔ ေသာက္သံုးေရ လုိအပ္ခ်က္အေပၚ မူတည္၍ ဆက္လက္ လွဴဒါန္းသြား မည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ လှူဒါန်း 

နေပြည်တော် မေ ၁၅ 

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား များက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက် ရှိသည်။ 

ထိုသို့ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က တောင် ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ငွေတောင်(အပေါ်)ကျေးရွာ၊ ရေဖြူကျေးရွာနှင့် ရပ်စောက်မြို့၊ ပိန္နဲပင်ကျေးရွာများသို့ သောက်သုံးရေဂါလန် ၄၈ဝဝ ကို လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်က အင်္ဂပူမြို့နယ်၊ ရွှေနိုင်ဝ ကျေးရွာ၊ လပွတ္တာမြို့နယ်၊ ငှက်သိုက်ကျေးရွာနှင့် ငှက်ကျကျေးရွာများသို့ သောက်သုံးရေ ဂါလန် ၃ဝဝဝ ကို လည်းကောင်း၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်က ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအုပ်စု၊ ဦးကင်းကျေးရွာသို့ သောက်သုံးရေဂါလန် ၂၈ဝဝ ကို လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ကလေး မြို့နယ်၊ မော်လိုက် ကလေးကျေးရွာနှင့် ကံသာယာကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတို့သို့ သောက်သုံးရေဂါလန် ၃၆ဝဝ ကို လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က မိတ္ထီလာမြို့နယ်၊ ဆူဖြူကွက် ကျေးရွာ၊ ရမည်းသင်းမြို့နယ်၊ သာစည်ကျေး ရွာနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းများသို့ သောက်သုံးရေဂါလန် ၇ဝ၃ဝကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ ၅ မိုင်ကျေးရွာနှင့် ပန်းတောင်းမြို့နယ်၊ ပြောင်ရင်း ကျေးရွာများသို့ သောက်သုံးရေဂါလန် ၂၇၅၂ ကိုလည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းကြသည်။ 

ရေလှူဒါန်းမှု အနေဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ် ၆ တိုင်းတို့မှ သောက်သုံးရေ ဂါလန် ၂၃၉၈၂ ကို လှူဒါန်းပေးနိုင်ခဲ့ပြီး အဆိုပါသောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရ သောနေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက် လှူဒါန်းသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

Recent News