အမ္းၿမိဳ႕၊ ေလယာဥ္ကြင္း ရပ္ကြက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

အမ္းၿမိဳ႕၊ ေလယာဥ္ကြင္း ရပ္ကြက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၅ 

 

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕၊ ေလယာဥ္ကြင္းရပ္ကြက္ရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါရပ္ကြက္ရွိ ၿမိဳ႕ဦးေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္သုံးပါးႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူ ၁၄ဝ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္ ၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

 

 ယင္းသို႔ေဆာင္ရြက္ေပးမႈမ်ားကို တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ တပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေက်ာင္းထိုင္ဆရာေတာ္ ဘဒၵႏၲပညာဓိကအား ဖူးေျမာ္၍ ဆန္၊ ဆီ၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ နဝကမၼ အလွဴေငြမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။      

 

(Unicode Version)

 

  အမ်းမြို့၊ လေယာဉ်ကွင်း ရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၁၅ 

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါရပ်ကွက်ရှိ မြို့ဦးကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ ၁၄ဝ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဓိကအား ဖူးမြော်၍ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။   

Recent News