ေလျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ေက်းရြာမ်ားသို႔ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

ေလျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ေက်းရြာမ်ားသို႔ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

ေနျပည္ေတာ္၊ ေမ - ၁၆ 

စစ္ကိုင္းတုိင္းေဒသႀကီး၊ ကနီၿမိဳ႕နယ္အတြင္း ေမ ၁၃ ရက္ ညေနပိုင္းတြင္ မိုးရြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ကနီၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ား၌ ဘုန္းႀကီးေက်ာင္းမ်ား၊ စာသင္ေက်ာင္းမ်ား၊ ဌာနဆုိင္ရာ အေဆာက္အအံုမ်ားႏွင့္ လူေနအိမ္မ်ား အမိုးလန္ျခင္း၊ ၿပိဳက် ပ်က္စီးျခင္းမ်ား၊ သစ္ပင္သစ္ကိုင္းမ်ား က်ဳိးက်ျခင္းမ်ား ျဖစ္ေပၚခဲ့သည္။ 

အဆိုပါ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးျခင္းမ်ားျဖစ္ေပၚခဲ့ေသာေနရာမ်ားအား ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ ေပးလ်က္ ရွိရာ ယေန႔တြင္ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၊ မံုရြာတပ္နယ္မွ တပ္မေတာ္သားမ်ားက ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ ကနီၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်းရြာႏွင့္ ကံဇိဘေက်းရြာမ်ားရွိ အပ်က္အစီးမ်ား ျပန္လည္ရွင္းလင္းဖယ္ရွားျခင္း၊ သစ္ပင္၊ သစ္ကိုင္းမ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ အမိုးမ်ား ျပန္လည္ျပဳျပင္ေပးျခင္း စသည့္ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် 

နေပြည်တော်၊ မေ - ၁၆ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း မေ ၁၃ ရက် ညနေပိုင်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကနီမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များ အမိုးလန်ခြင်း၊ ပြိုကျ ပျက်စီးခြင်းများ၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သောနေရာများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက် ပေးလျက် ရှိရာ ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ တပ်မတော်သားများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ကနီမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနှင့် ကံဇိဘကျေးရွာများရှိ အပျက်အစီးများ ပြန်လည်ရှင်းလင်းဖယ်ရှားခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမိုးများ ပြန်လည်ပြုပြင်ပေးခြင်း စသည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။ 

Recent News