ေတာင္ငူၿမိဳ႕နယ္၊ အေနာက္ဆင္ေက်းရြာရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေတာင္ငူၿမိဳ႕နယ္၊ အေနာက္ဆင္ေက်းရြာရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၆ 

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ အေနာက္ဆင္ေက်းရြာရွိ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၁၅၅ ဦးတို႔ကို မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ေပးျခင္း၊ Ultrasound စက္ျဖင့္ ေရာဂါရွာေဖြ စမ္းသပ္ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ုံတက္ေရာက္ကုသရန္ လိုအပ္သူ ၁ဝ ဦးအား ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ ေဆာင္ရြက္ေပးသည္။ ထို႔ျပင္ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူမ်ားအား ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါႏွင့္ ေသြးတိုးေရာဂါမ်ားအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

ယင္းသို႔ ေဆာင္ရြက္ေနမႈမ်ားကို တိုင္းမွဴးဗိုလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးကာ ေဒသခံျပည္သူမ်ားအား ေဆးမ်က္မွန္မ်ား တပ္ဆင္လွဴဒါန္းေပးၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ 

ထို႔ေနာက္ တိုင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ အေနာက္ဆင္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းဆရာေတာ္ ဘဒၵႏၲသုဇာတအား ဖူးေျမာ္ကာ သကၤန္း၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

တောင်ငူမြို့နယ်၊ အနောက်ဆင်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၁၆ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အနောက်ဆင်ကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၅၅ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အရိုး/အကြောရောဂါ၊နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁ဝ ဦးအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။ ထို့ပြင်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးတိုးရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ဆေးမျက်မှန်များ တပ်ဆင်လှူဒါန်းပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အနောက်ဆင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တသုဇာတအား ဖူးမြော်ကာ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News