KIA အဖြဲ႕မွေထာင္ထားသည့့္ နင္းမုိင္းတစ္လုံးအား နင္းမိေပါက္ကဲြ၍ ေဒသခံျပည္သူတစ္ဦး ထိခိုက္ဒဏ္ရာရရွိ 

KIA အဖြဲ႕မွေထာင္ထားသည့့္ နင္းမုိင္းတစ္လုံးအား နင္းမိေပါက္ကဲြ၍ ေဒသခံျပည္သူတစ္ဦး ထိခိုက္ဒဏ္ရာရရွိ 

ေနျပည္ေတာ္ ေမ ၁၆ 

ကခ်င္ျပည္နယ္၊ မုိးညႇင္းၿမိဳ႕နယ္၊ ထန္းတပင္ေက်းရြာေန ေမာင္သန္းဝင္းဦး၊ ဦးၫြန္႔ဦး၊ ဦးေမာင္လင္း၊ ေမာင္ၾကည္မိုးထြန္း၊ ေမာင္မင္းစိုးႏွင့္ ေမာင္ေအာင္ဆန္းဝင္းတို႔ ေျခာက္ဦးသည္ ဟင္းရြက္ခူးရန္အတြက္ ေမ ၁၅ ရက္ နံနက္ပိုင္းတြင္ ထြက္ခြာခဲ့ရာ ထန္းတပင္ေက်းရြာ၏ အေရွ႕ ဘက္ ၅ မိုင္ခန္႔အကြာသို႔အေရာက္၌ KIA အဖြဲ႕မွေထာင္ထားသည့္ နင္းမုိင္းတစ္လံုးအား ေမာင္သန္းဝင္းဦးမွ နင္းမိေပါက္ကြဲခဲ့သျဖင့္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ရာ မုိးညႇင္းျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ေဆးကုသမႈ ခံယူေစလ်က္ရွိသည္။ 

အဆုိပါ မုိင္းထိလူနာအား နယ္ေျမခံတပ္မွ တာဝန္ရွိသူမ်ားႏွင့္ ဌာနဆုိင္ရာ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေထာက္ပံ့ ေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

KIA အဖွဲ့မှထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ 

နေပြည်တော် မေ ၁၆ 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာနေ မောင်သန်းဝင်းဦး၊ ဦးညွန့်ဦး၊ ဦးမောင်လင်း၊ မောင်ကြည်မိုးထွန်း၊ မောင်မင်းစိုးနှင့် မောင်အောင်ဆန်းဝင်းတို့ ခြောက်ဦးသည် ဟင်းရွက်ခူးရန်အတွက် မေ ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ရာ ထန်းတပင်ကျေးရွာ၏ အရှေ့ ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ KIA အဖွဲ့မှထောင်ထားသည့် နင်းမိုင်းတစ်လုံးအား မောင်သန်းဝင်းဦးမှ နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ရာ မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။ 

အဆိုပါ မိုင်းထိလူနာအား နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News