ၿမိတ္ၿမိဳ႕နယ္အတြင္းရွိ စာသင္ေက်ာင္းမ်ားအတြက္ အမိုးသြပ္မ်ား ေပးအပ္လွဴဒါန္း 

ၿမိတ္ၿမိဳ႕နယ္အတြင္းရွိ စာသင္ေက်ာင္းမ်ားအတြက္ အမိုးသြပ္မ်ား ေပးအပ္လွဴဒါန္း 

ေနျပည္ေတာ္ ေမ ၁၆ 

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ေရႊဒူးေက်းရြာရွိ အေျခခံပညာအလယ္တန္းေက်ာင္းခြဲရွိ စာသင္ေဆာင္ အေဆာက္အအံုမ်ားအတြက္ ေမ ၁၅ ရက္ နံနက္ပိုင္းတြင္ သြပ္ခ်ပ္ ၃ဝဝ ကိုလည္းေကာင္း၊ ယေန႔ေန႔လယ္ပိုင္းတြင္ ေရႊေပးေက်းရြာ၊ အေျခခံပညာ အထက္တန္းေက်ာင္းခြဲရွိ စာသင္ေဆာင္အေဆာက္အအံုအတြက္ သြပ္ခ်ပ္ ၂ဝဝ ကို လည္းေကာင္း ကမ္း႐ိုးတန္းေဒသ တိုင္းစစ္ဌာနခ်ဳပ္မွ ေပးအပ္လွဴဒါန္းၿပီး ၿမိတ္ တပ္နယ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက အမိုး၊ အကာမ်ားအား ျပင္ဆင္ေဆာင္ရြက္မႈမ်ား ျပဳလုပ္ေပးသည္။ 

ထုိသို႔ ေဆာင္ရြက္ေနမႈမ်ားကို တိုင္းမွဴးဗိုလ္ခ်ဳပ္ေသာင္းထိုက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး လိုအပ္သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

 မြိတ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအတွက် အမိုးသွပ်များ ပေးအပ်လှူဒါန်း 

နေပြည်တော် မေ ၁၆ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ရွှေဒူးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ စာသင်ဆောင် အဆောက်အအုံများအတွက် မေ ၁၅ ရက် နံနက်ပိုင်းတွင် သွပ်ချပ် ၃ဝဝ ကိုလည်းကောင်း၊ ယနေ့နေ့လယ်ပိုင်းတွင် ရွှေပေးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ စာသင်ဆောင်အဆောက်အအုံအတွက် သွပ်ချပ် ၂ဝဝ ကို လည်းကောင်း ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ ပေးအပ်လှူဒါန်းပြီး မြိတ် တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက အမိုး၊ အကာများအား ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ပေးသည်။ 

ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News