ထန္းတပင္ၿမိဳ႕နယ္ အတြင္းရွိ ေက်းရြာမ်ားမွ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ထန္းတပင္ၿမိဳ႕နယ္ အတြင္းရွိ ေက်းရြာမ်ားမွ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၆ 

ရန္ကုန္တုိင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္၊ ကၿမိဳင္ေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ေမ ၁၅ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်းရြာရွိ လာဘသိဒၶိကၿမိဳင္ေက်ာင္းတိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ၁၂ ပါး၊ ရွင္သာမေဏခုနစ္ပါးႏွင့္ ေဒသခံျပည္သူ ၂၃၆ ဦးတို႔အား ကေလးေရာဂါ၊ ေသြးတိုးေရာဂါ၊အ႐ိုး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိ႔ျပင္ ေဆးကုသေရးအဖဲြ႕က ေက်ာင္း၀င္းအတြင္း ျခင္ခိုေအာင္းႏုိင္ေသာေနရာမ်ား၌ ျခင္ေဆးဖ်န္းျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေခြး႐ူးျပန္ ေရာဂါအေၾကာင္း က်န္းမာေရးအသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

ထန်းတပင်မြို့နယ် အတွင်းရှိ ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၁၆ 

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကမြိုင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား မေ ၁၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ လာဘသိဒ္ဓိကမြိုင်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၂ ပါး၊ ရှင်သာမဏေခုနစ်ပါးနှင့် ဒေသခံပြည်သူ ၂၃၆ ဦးတို့အား ကလေးရောဂါ၊ သွေးတိုးရောဂါ၊အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ထို့ပြင် ဆေးကုသရေးအဖွဲ့က ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးပြီး ခွေးရူးပြန် ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News