အဂၤပူၿမိဳ႕နယ္အတြင္း တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႕က ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ 

အဂၤပူၿမိဳ႕နယ္အတြင္း တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႕က ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၆ 

ဧရာဝတီတိုင္းေဒသႀကီးအတြင္း ေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႕သည္ ယေန႔တြင္ အဂၤပူၿမိဳ႕နယ္၊ ကြင္းေကာက္ၿမိဳ႕ရွိ ေဒသခံျပည္သူမ်ားကို ျမတ္ဓမၼေရာင္ျခည္ သာသနာ့ဗိမာန္ေတာ္ဓမၼာ႐ံုႀကီး၌ အေျချပဳ၍လည္းေကာင္း၊ နယ္လွည့္ေဆး ကုသေရးအဖြဲ႕သည္ အဂၤပူၿမိဳ႕ရွိ ေဒသခံျပည္သူမ်ားကို အဂၤပူၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌လည္းေကာင္း စုစုေပါင္းေဒသခံျပည္သူ ၁၂၆၄ ဦးအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆုိင္ရာေရာဂါ ၂၃၆ ဦး၊ ခြဲစိတ္ေရာဂါ ၇၅ ဦး၊ ကေလးေရာဂါ ၆၉ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၇၁ ဦး၊ အ႐ိုးေရာဂါ ၂၆၄ ဦး၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၆၄ ဦး၊ မ်က္စိေရာဂါ ၂၂၆ ဦး၊ သြားေရာဂါ ၇၉ ဦးႏွင့္ အေထြေထြေရာဂါ ၁၈ဝ ဦးတုိ႔ကို လုိအပ္သည့္ ေဆးဝါးကုသမႈမ်ားေဆာင္ရြက္ေပးၿပီး ၎တို႔အနက္မွ မ်က္စိခြဲစိတ္လူနာ ၁၃ ဦးႏွင့္ အေထြေထြခြဲစိတ္လူနာ ၂ဝ ဦးတုိ႔ကို ေရြ႕လ်ားခြဲစိတ္ယာဥ္ျဖင့္ ခြဲစိတ္ကုသမႈမ်ားေဆာင္ရြက္ေပးကာ ေဆး႐ံုတက္ေရာက္ကုသရန္လိုအပ္သူ ငါးဦးကို ေနျပည္ေတာ္ႏွင့္ ရန္ကုန္ၿမိဳ႕ တို႔ရွိတပ္မေတာ္ေဆး႐ံုမ်ားသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ 
ထုိ႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၂၄ ဦး၊ တယ္လီေဗးရွင္း ဓာတ္မွန္႐ိုက္လူနာ ၁ဝဝ ဦး၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္လူနာ ၄၃ ဦးႏွင့္ ဓာတ္ခြဲ စမ္းသပ္လူနာ ၆၉ ဦးတုိ႔ကို ေရာဂါရွာေဖြ စမ္းသပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

အင်္ဂပူမြို့နယ်အတွင်း တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် 

နေပြည်တော် မေ ၁၆ 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့တွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ရှိ ဒေသခံပြည်သူများကို မြတ်ဓမ္မရောင်ခြည် သာသနာ့ဗိမာန်တော်ဓမ္မာရုံကြီး၌ အခြေပြု၍လည်းကောင်း၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့သည် အင်္ဂပူမြို့ရှိ ဒေသခံပြည်သူများကို အင်္ဂပူမြို့၊ မြို့တော်ခန်းမ၌လည်းကောင်း စုစုပေါင်းဒေသခံပြည်သူ ၁၂၆၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၃၆ ဦး၊ ခွဲစိတ်ရောဂါ ၇၅ ဦး၊ ကလေးရောဂါ ၆၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၇၁ ဦး၊ အရိုးရောဂါ ၂၆၄ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၆၄ ဦး၊ မျက်စိရောဂါ ၂၂၆ ဦး၊ သွားရောဂါ ၇၉ ဦးနှင့် အထွေထွေရောဂါ ၁၈ဝ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၁၃ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၂ဝ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ငါးဦးကို နေပြည်တော်နှင့် ရန်ကုန်မြို့ တို့ရှိတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၄ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁ဝဝ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၃ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၆၉ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။ 

Recent News