

နေပြည်တော် မေ ၁၆ 



 

(Unicode Version)

လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)၏ လေကြောင်းဆိုင်ရာပြိုင်ပွဲ ကျင်းပ

နေပြည်တော် မေ ၁၆ 

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့မှ ဖွင့်လှစ် သင်ကြားလျက်ရှိသည့် လေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ ၆၄ဝ ဦးနှင့် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူဆရာ၊ ဆရာမများသည် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ်(မှော်ဘီ)၌ စခန်းပေါင်းစုံလေကြောင်းဆိုင်ရာ ပြိုင်ပွဲများ ပြုလုပ်ကြသည်။ 

ဦးစွာ နံနက်ပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းစခန်း များအလိုက် စစ်ရေးပြပြိုင်ပွဲများ ကျင်းပခြင်းနှင့် Remote Control လေယာဉ်မောင်းပြိုင်ပွဲတို့အား ကျင်းပပြုလုပ်ကြပြီး မွန်းလွဲပိုင်းတွင် Simulator ပြိုင်ပွဲနှင့် Remote Control လေယာဉ်ငယ်တည်ဆောက်မှု ပြိုင်ပွဲများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News