အေျခခံပညာ စာသင္ေက်ာင္းမ်ား၌ စုေပါင္းသန္႔ရွင္းေရးမ်ား ဆက္လက္ျပဳလုပ္ 

အေျခခံပညာ စာသင္ေက်ာင္းမ်ား၌ စုေပါင္းသန္႔ရွင္းေရးမ်ား ဆက္လက္ျပဳလုပ္ 

ေနျပည္ေတာ္ ေမ ၁၆ 

ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေက်ာင္းဖြင့္ခ်ိန္တြင္ စိတ္ေအးခ်မ္းသာစြာ ပညာသင္ၾကားႏိုင္ေစရန္ႏွင့္ ေက်ာင္းပတ္ဝန္းက်င္ သန္႔ရွင္းသာယာ လွပေစေရးတို႔အတြက္ သက္ဆုိင္ရာ တုိင္းစစ္ဌာနခ်ဳပ္မ်ားအလိုက္ အေျခခံပညာေက်ာင္းမ်ား၌ သန္႔ရွင္းေရးလုပ္ငန္းမ်ား စုေပါင္း ေဆာင္ရြက္ ေပးလ်က္ရွိသည္။ 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ယေန႔တြင္ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက ေတာင္ႀကီးၿမိဳ႕၊ အမွတ္(၇) အေျခခံ ပညာအထက္တန္းေက်ာင္း၌လည္းေကာင္း၊ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက ေမာ္လၿမိဳင္ၿမိဳ႕၊ အေျခခံပညာ အထက္တန္းေက်ာင္း (ေရႊနတ္ေတာင္)၌လည္းေကာင္း၊ ကမ္း႐ိုးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက ထားဝယ္ၿမိဳ႕ နယ္၊ အမွတ္(၅) အေျခခံပညာအထက္တန္းေက်ာင္းႏွင့္ သရက္ေခ်ာင္းၿမိဳ႕နယ္၊ အေျခခံပညာမူလတန္းေက်ာင္း (ပန္းျပင္)တို႔၌ လည္းေကာင္း၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္(၁၄)ရပ္ကြက္ရွိ အမွတ္(၇)အေျခခံပညာ အလယ္တန္းေက်ာင္း၌လည္းေကာင္း၊ အေနာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက ေက်ာက္ျဖဴၿမိဳ႕နယ္၊ ပညာေရးေကာ လိပ္ေလ့က်င့္ေရး အလယ္တန္းေက်ာင္း၌ လည္းေကာင္း၊ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက ေရတာရွည္ၿမိဳ႕နယ္၊ ရြာေတာ္ေလးေက်းရြာ၊ အေျခခံပညာအလယ္တန္းေက်ာင္း၊ အုတ္တြင္းၿမိဳ႕နယ္၊ လက္ပံခံုေက်းရြာ၊ အေျခခံပညာအလယ္တန္းေက်ာင္းခြဲ၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ သံဘိုေက်းရြာ၊ အေျခခံပညာအထက္တန္းေက်ာင္းခြဲ၊ ေရႊက်င္ၿမိဳ႕၊ ပ်ဥ္းမပင္ရပ္ကြက္၊ အေျခခံပညာ အလယ္တန္း ေက်ာင္းခြဲႏွင့္ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ပိန္းဇလုပ္ေက်းရြာ၊ အေျခခံပညာအထက္တန္းေက်ာင္းတို႔၌လည္းေကာင္း စုေပါင္းသန္႔ရွင္းေရး လုပ္ငန္းမ်ား အသီးသီး ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ ေဆာင္ရြက္ေပးရာတြင္ တုိင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ နယ္ေျမခံတပ္မေတာ္သားမ်ားက ေက်ာင္းဝင္းမ်ား အတြင္း/အျပင္ရွိ ခ်ဳံႏြယ္ ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ အမႈိက္မ်ားရွင္းလင္းျခင္းႏွင့္ စာသင္ေက်ာင္း အမိုးမ်ား ျပန္လည္ျပဳျပင္ေပးျခင္း၊ စာသင္ခံုမ်ားေနရာ ခ်ထားေပးျခင္းႏွင့္ ေရစီးေရလာ ေကာင္းမြန္ေစရန္ ေရႏုတ္ေျမာင္းမ်ားတူးေဖာ္ေပးျခင္း၊ စုေပါင္းသန္႔ရွင္းေရးလုပ္ငန္းမ်ား စုေပါင္းေဆာင္ရြက္ ေပးခ့ဲေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

အခြေခံပညာ စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးများ ဆက်လက်ပြုလုပ် 

နေပြည်တော် မေ ၁၆ 

ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့အတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် အခြေခံပညာကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက် ပေးလျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တောင်ကြီးမြို့၊ အမှတ်(၇) အခြေခံ ပညာအထက်တန်းကျောင်း၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မော်လမြိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်)၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ထားဝယ်မြို့ နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် သရက်ချောင်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (ပန်းပြင်)တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာ အလယ်တန်းကျောင်း၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ကျောက်ဖြူမြို့နယ်၊ ပညာရေးကော လိပ်လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ရေတာရှည်မြို့နယ်၊ ရွာတော်လေးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ အုတ်တွင်းမြို့နယ်၊ လက်ပံခုံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ကျောက်ကြီးမြို့နယ်၊ သံဘိုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ရွှေကျင်မြို့၊ ပျဉ်းမပင်ရပ်ကွက်၊ အခြေခံပညာ အလယ်တန်း ကျောင်းခွဲနှင့် ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတို့၌လည်းကောင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ကျောင်း အမိုးများ ပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ခုံများနေရာ ချထားပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News