တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရးအဖြဲ႕ သပိတ္က်င္းၿမိဳ႕နယ္ အတြင္းရွိ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရးအဖြဲ႕ သပိတ္က်င္းၿမိဳ႕နယ္ အတြင္းရွိ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

  
ေနျပည္ေတာ္ ေမ ၁၆ 

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ခ႐ိုင္၊ သပိတ္က်င္းၿမိဳ႕နယ္သို႔ ေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႕သည္ ယေန႔တြင္ တေကာင္းၿမိဳ႕ႏွင့္ပတ္ဝန္းက်င္ ေက်းရြာမ်ားရွိေဒသခံျပည္သူမ်ားကို တေကာင္းၿမိဳ႕၌ အေျချပဳ၍လည္းေကာင္း၊ နယ္လွည့္ေဆး ကုသေရးအဖြဲ႕သည္ အင္းနက္ေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားရွိ ေဒသခံျပည္သူမ်ားကို အင္းနက္ေက်းရြာ၌ လည္းေကာင္း စုစုေပါင္း ေဒသခံျပည္သူ ၁၄၉၅ ဦးကို က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 
ထိုသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆိုင္ရာေရာဂါ ၃၃၄ ဦး၊ ခြဲစိတ္ေရာဂါ ၁၅၅ ဦး၊ ကေလးေရာဂါ ၁၁၃ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၈၈ ဦး၊ အ႐ိုးေရာဂါ ၁၃၄ ဦး၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၁၁၂ ဦး၊ မ်က္စိေရာဂါ ၃၃၈ ဦး၊ သြားေရာဂါ ၁၄၂ ဦးႏွင့္္ အေထြေထြေရာဂါ ၇၉ ဦးတို႔ကို လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ၎တို႔အနက္မွ မ်က္စိခြဲစိတ္လူနာ ၃၅ ဦးႏွင့္ အေထြေထြခဲြစိတ္လူနာ ၁၆ ဦးတို႔ကို ေရြ႕လ်ားခြဲစိတ္ယာဥ္ျဖင့္ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ 
ထို႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၅၁ ဦး၊ တယ္လီေဗးရွင္းဓာတ္မွန္႐ိုက္လူနာ ၆၄ ဦး၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္လူနာ ၆၉ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္လူနာ ၈၃ ဦးတို႔ကို ေရာဂါရွာေဖြ စမ္းသပ္ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ သပိတ်ကျင်းမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် 

နေပြည်တော် မေ ၁၆ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်သို့ ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့တွင် တကောင်းမြို့နှင့်ပတ်ဝန်းကျင် ကျေးရွာများရှိဒေသခံပြည်သူများကို တကောင်းမြို့၌ အခြေပြု၍လည်းကောင်း၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့သည် အင်းနက်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကို အင်းနက်ကျေးရွာ၌ လည်းကောင်း စုစုပေါင်း ဒေသခံပြည်သူ ၁၄၉၅ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၃၄ ဦး၊ ခွဲစိတ်ရောဂါ ၁၅၅ ဦး၊ ကလေးရောဂါ ၁၁၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၈၈ ဦး၊ အရိုးရောဂါ ၁၃၄ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁၁၂ ဦး၊ မျက်စိရောဂါ ၃၃၈ ဦး၊ သွားရောဂါ ၁၄၂ ဦးနှင့် အထွေထွေရောဂါ ၇၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၃၅ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၆ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ 
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၁ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၆၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News