ေသာက္သံုးေရရွားပါးမႈ ႀကံဳေတြ႔ေနရေသာ ေက်းရြာမ်ားသို႔ တုိင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ တပ္မေတာ္သားမ်ားက ေသာက္သံုးေရမ်ား ဆက္လက္ျဖန္႔ေဝ လွဴဒါန္း 

ေသာက္သံုးေရရွားပါးမႈ ႀကံဳေတြ႔ေနရေသာ ေက်းရြာမ်ားသို႔ တုိင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ တပ္မေတာ္သားမ်ားက ေသာက္သံုးေရမ်ား ဆက္လက္ျဖန္႔ေဝ လွဴဒါန္း 

ေနျပည္ေတာ္ ေမ ၁၆ 

ႏွစ္စဥ္ေႏြရာသီတြင္ ေသာက္သံုးေရရွားပါးမႈ ႀကံဳေတြ႕ေနရေသာ ျပည္နယ္ႏွင့္ တုိင္းေဒသႀကီး အခ်ဳိ႕ရွိ ေက်းရြာမ်ားသို႔ သက္ဆိုင္ရာ တုိင္းစစ္ဌာနခ်ဳပ္မ်ားမွ တပ္မေတာ္သားမ်ားက ေရသယ္ယာဥ္မ်ားျဖင့္ ေသာက္သံုးေရမ်ား သြားေရာက္ျဖန္႔ေဝ လွဴဒါန္းေပးလ်က္ရွိသည္။ 

ထိုသို႔ျဖန္႔ေဝ လွဴဒါန္းေပးလ်က္ရွိရာ ယေန႔တြင္ ကမ္း႐ိုးတန္း ေဒသတုိင္း စစ္ဌာနခ်ဳပ္က ေကာ့ေသာင္းၿမိဳ႕နယ္၊ ေခ်ာင္းဝေက်းရြာ၊ ခေမာက္ႀကီးၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္မ်ားသို႔ ေသာက္သံုးေရဂါလန္ ၄၂ဝဝ ကို လည္းေကာင္း၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္က လႈိင္သာယာၿမိဳ႕နယ္ အတြင္းသို႔ ေသာက္သံုးေရဂါလန္ ၁ဝဝဝ ကိုလည္းေကာင္း၊ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္က အမ္းၿမိဳ႕နယ္၊ ကံ့ေကာ္ေတာင္ေက်းရြာႏွင့္ ေနကာရြာသစ္ ေက်းရြာမ်ားသို႔ ေသာက္သံုးေရဂါလန္ ၄၈ဝဝ ကုိ လည္းေကာင္း၊ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္က မတူပီၿမိဳ႕၊ ခိုေဘြရပ္ကြက္၊ မင္းတပ္ၿမိဳ႕နယ္၊ ေခ်ာက္ဒိုေက်းရြာႏွင့္ ေဆာၿမိဳ႕နယ္၊ ငွက္ျပာက်င္းေက်းရြာမ်ားသို႔ ေသာက္သံုးေရဂါလန္ ၆၄ဝဝ ကိုလည္းေကာင္း၊ အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္က ေရနံေခ်ာင္းၿမိဳ႕နယ္၊ အင္တုိင္းႀကီးေက်းရြာ၊ မေကြးၿမိဳ႕နယ္၊ ဂဲႀကီးကုန္းေက်းရြာ၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ အုန္းေတာ ၂ ရပ္ကြက္ႏွင့္ ငဖဲၿမိဳ႕နယ္၊ ဝကၤဘာေက်းရြာမ်ားသို႔ ေသာက္သံုးေရဂါလန္ ၈၈၅ဝ ကိုလည္းေကာင္း၊ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္က ေတာင္ငူၿမိဳ႕နယ္၊ ေက်ာင္းကုန္းေက်းရြာ၊ ပန္းေတာင္းၿမိဳ႕နယ္၊ ရြာသစ္ကုန္းႏွင့္ ၾကာအင္းေက်းရြာ၊ ေပါက္ေခါင္းၿမိဳ႕နယ္၊ ကုတင္ငါးဆင့္ေက်းရြာမ်ားသို႔ ေသာက္သံုးေရဂါလန္ ၅၄ဝဝ ကိုလည္းေကာင္း အသီးသီး သြားေရာက္ျဖန္႔ေဝ လွဴဒါန္းၾကသည္။ 

ေရလွဴဒါန္းမႈအေနျဖင့္ ယေန႔တြင္ တုိင္းစစ္ဌာနခ်ဳပ္ ၆ တုိင္းတို႔မွ ေသာက္သံုးေရဂါလန္ ၃ဝ၆၅ဝ ကို လွဴဒါန္းေပးႏုိင္ခဲ့ၿပီး အဆိုပါ ေသာက္သံုးေရရွားပါးမႈ ႀကံဳေတြ႕ေနရေသာ ေနရာမ်ားသို႔ ေသာက္သံုးေရလိုအပ္ခ်က္အေပၚ မူတည္၍ ဆက္လက္ လွဴဒါန္းသြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ လှူဒါန်း 

နေပြည်တော် မေ ၁၆ 

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိသည်။ 

ထိုသို့ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်က ကော့သောင်းမြို့နယ်၊ ချောင်းဝကျေးရွာ၊ ခမောက်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်များသို့ သောက်သုံးရေဂါလန် ၄၂ဝဝ ကို လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်က လှိုင်သာယာမြို့နယ် အတွင်းသို့ သောက်သုံးရေဂါလန် ၁ဝဝဝ ကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အမ်းမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာနှင့် နေကာရွာသစ် ကျေးရွာများသို့ သောက်သုံးရေဂါလန် ၄၈ဝဝ ကို လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က မတူပီမြို့၊ ခိုဘွေရပ်ကွက်၊ မင်းတပ်မြို့နယ်၊ ချောက်ဒိုကျေးရွာနှင့် ဆောမြို့နယ်၊ ငှက်ပြာကျင်းကျေးရွာများသို့ သောက်သုံးရေဂါလန် ၆၄ဝဝ ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ရေနံချောင်းမြို့နယ်၊ အင်တိုင်းကြီးကျေးရွာ၊ မကွေးမြို့နယ်၊ ဂဲကြီးကုန်းကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော ၂ ရပ်ကွက်နှင့် ငဖဲမြို့နယ်၊ ဝင်္ကဘာကျေးရွာများသို့ သောက်သုံးရေဂါလန် ၈၈၅ဝ ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ ပန်းတောင်းမြို့နယ်၊ ရွာသစ်ကုန်းနှင့် ကြာအင်းကျေးရွာ၊ ပေါက်ခေါင်းမြို့နယ်၊ ကုတင်ငါးဆင့်ကျေးရွာများသို့ သောက်သုံးရေဂါလန် ၅၄ဝဝ ကိုလည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းကြသည်။ 

ရေလှူဒါန်းမှုအနေဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ် ၆ တိုင်းတို့မှ သောက်သုံးရေဂါလန် ၃ဝ၆၅ဝ ကို လှူဒါန်းပေးနိုင်ခဲ့ပြီး အဆိုပါ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော နေရာများသို့ သောက်သုံးရေလိုအပ်ချက်အပေါ် မူတည်၍ ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။  

Recent News