ေရေၾကာင္းလူငယ္ အေျခခံႏွင့္ တန္းျမင့္သင္တန္းတို႔မွ သင္တန္းသား၊ သင္တန္းသူမ်ား စခန္းေပါင္းစံု ေလွေလွာ္ရြက္တိုက္ ၿပိဳင္ပြဲႏွင့္ ေရတပ္အခ်က္ျပ ဆက္သြယ္ေရး ဘာသာရပ္ ၿပိဳင္ပြဲမ်ား ျပဳလုပ္ 

ေရေၾကာင္းလူငယ္ အေျခခံႏွင့္ တန္းျမင့္သင္တန္းတို႔မွ သင္တန္းသား၊ သင္တန္းသူမ်ား စခန္းေပါင္းစံု ေလွေလွာ္ရြက္တိုက္ ၿပိဳင္ပြဲႏွင့္ ေရတပ္အခ်က္ျပ ဆက္သြယ္ေရး ဘာသာရပ္ ၿပိဳင္ပြဲမ်ား ျပဳလုပ္ 

ေနျပည္ေတာ္ ေမ ၁၆

 

 ေရေၾကာင္း လူငယ္အေျခခံႏွင့္ တန္းျမင့္သင္တန္း အမွတ္စဥ္(၁/၂ဝ၁၉)သို႔ တက္ေရာက္လ်က္ရွိသည့္ သင္တန္းသား၊ သင္တန္းသူမ်ား၏ စခန္းေပါင္းစံု ေလွေလွာ္ရြက္ တိုက္ၿပိဳင္ပြဲႏွင့္ အေျခခံေရတပ္သား အခ်က္ျပ ဆက္သြယ္ ေရးဆိုင္ရာ ၿပိဳင္ပဲြမ်ားကို ယေန႔တြင္ တပ္မေတာ္(ေရ ) ေလွေလွာ္ရြက္တိုက္အသင္း (အင္းယားကန္)၌ ျပဳလုပ္ရာ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံႏွင့္ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ား၊ သင္တန္းသား၊ သင္တန္းသူမ်ား၊ သင္တန္းနည္းျပမ်ား၊ အုပ္ခ်ဳပ္သူမ်ား တက္ေရာက္ၾကည့္႐ႈအားေပးၾကၿပီး တိုင္းမွဴးမွ သင္တန္းသား၊ သင္တန္းသူမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ားကို ေထာက္ပံ့ေပးအပ္ခဲ့သည္။ 

 

ထို႔ေနာက္ သင္တန္းအလိုက္ ေလွေလွာ္ၿပိဳင္ပြဲ၊ အျပည္ျပည္ဆိုင္ရာ ေလးေယာက္ေလွာ္ဝမ္းျပား မီတာ ၅ဝဝ ၿပိဳင္ပြဲ၊ အျပည္ျပည္ဆိုင္ရာ ေလးေယာက္ေလွာ္ဝမ္းလံုး မီတာ ၅ဝဝ ၿပိဳင္ပြဲ၊ အသင္းလိုက္ ရြက္တိုက္ၿပိဳင္ပဲြဲႏွင့္ လက္႐ိုက္ အလံအခ်က္ျပေၾကးနန္းပို႔/ဖမ္းျခင္းၿပိဳင္ပြဲမ်ားအား ေက်ာက္ျဖဴစခန္း၊ ပုသိမ္စခန္း၊ အင္းယားစခန္း၊ ေမာ္လၿမိဳင္စခန္း၊ ထားဝယ္စခန္း၊ ဟိန္းဇဲစခန္း၊ ၿမိတ္စခန္း၊ ကြၽန္းစုစခန္း၊ဗန္းေမာ္စခန္း၊ မႏၲေလးစခန္း၊ လိြဳင္ေကာ္စခန္းႏွင့္ အင္းေလးစခန္း တို႔မွ သင္တန္းသား၊သင္တန္းသူမ်ားက အသင္းလိုက္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံ လှေလှော်ရွက်တိုက် ပြိုင်ပွဲနှင့် ရေတပ်အချက်ပြ ဆက်သွယ်ရေး ဘာသာရပ် ပြိုင်ပွဲများ ပြုလုပ် 

နေပြည်တော် မေ ၁၆ 

ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံ လှေလှော်ရွက် တိုက်ပြိုင်ပွဲနှင့် အခြေခံရေတပ်သား အချက်ပြ ဆက်သွယ် ရေးဆိုင်ရာ ပြိုင်ပွဲများကို ယနေ့တွင် တပ်မတော်(ရေ ) လှေလှော်ရွက်တိုက်အသင်း (အင်းယားကန်)၌ ပြုလုပ်ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ တက်ရောက်ကြည့်ရှုအားပေးကြပြီး တိုင်းမှူးမှ သင်တန်းသား၊ သင်တန်းသူများ အတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ထို့နောက် သင်တန်းအလိုက် လှေလှော်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော်ဝမ်းပြား မီတာ ၅ဝဝ ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော်ဝမ်းလုံး မီတာ ၅ဝဝ ပြိုင်ပွဲ၊ အသင်းလိုက် ရွက်တိုက်ပြိုင်ပွဲနှင့် လက်ရိုက် အလံအချက်ပြကြေးနန်းပို့/ဖမ်းခြင်းပြိုင်ပွဲများအား ကျောက်ဖြူစခန်း၊ ပုသိမ်စခန်း၊ အင်းယားစခန်း၊ မော်လမြိုင်စခန်း၊ ထားဝယ်စခန်း၊ ဟိန်းဇဲစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ဗန်းမော်စခန်း၊ မန္တလေးစခန်း၊ လွိုင်ကော်စခန်းနှင့် အင်းလေးစခန်း တို့မှ သင်တန်းသား၊သင်တန်းသူများက အသင်းလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ ကြကြောင်း သတင်းရရှိသည်။

Recent News