AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ဆက္ႏြယ္ေနသူေက်းရြာတာ၀န္ခံတစ္ဦး အား တရားဥပေဒ အရအေရးယူႏုိင္ေရး ေဆာင္႐ြက္လ်က္ရွိ 

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ဆက္ႏြယ္ေနသူေက်းရြာတာ၀န္ခံတစ္ဦး အား တရားဥပေဒ အရအေရးယူႏုိင္ေရး ေဆာင္႐ြက္လ်က္ရွိ 

ေနျပည္ေတာ္၊ ေမ - ၁၇ 

တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္မ်ား၊ ဌာနဆုိင္ရာတာ ၀န္ရွိသူမ်ား၊ ေဒသခံျပည္သူ မ်ားႏွင့္ပူးေပါင္းကာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ရခုိင္ျပည္နယ္အတြင္း ဥပေဒမဲ့အၾကမ္းဖက္ တုိက္ခုိက္မႈမ်ားႏွင့္ ေက်းရြာမ်ားအတြင္း ပုံဖ်က္စိမ့္၀င္လႈပ္ရွားမႈမ်ားမရွိေစေရးအတြက္ သတင္းမ်ားရယူ ေဖာ္ထုတ္ၿပီး နယ္ေျမ လုံၿခဳံေရးလုပ္ငန္းမ်ားအား ေန႕ညမျပတ္ ေဆာင္ရြက္လ်က္ရွိသည္။ 

ထုိသုုိ႕ေဆာင္ရြက္လ်က္ရွိစဥ္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေ႐ႊျပည္ေက်းရြာအတြင္း AA အၾကမ္းဖက္ေသာင္းက်န္း သူမ်ား အရပ္သားအသြင္ျဖင့္ ပုံဖ်က္စိမ့္၀င္လႈပ္ရွားလ်က္ရွိေၾကာင္း သတင္းရရွိသျဖင့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ၀င္မ်ားသည္ တပ္မေတာ္စစ္ေၾကာင္းမ်ား လုံၿခဳံေရးလုိက္ပါလ်က္ ေမ ၁၆ ရက္နံနက္ပုိင္းတြင္ ေရွာင္တခင္ ၀င္ေရာက္ စစ္ေဆးျခင္းမ်ား ေဆာင္ရြက္ခဲ့သည္။ စစ္ေဆးစဥ္ ေက်းရြာတာ၀န္ခံ ဦးသိန္းစုိးေအာင္(ဘ) ဦးေအာင္ထြန္းစိန္သည္ ၎၏ေနအိမ္ေပၚမွ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားအား ဓာတ္ပုံရုိက္ယူ ေနသည္ကုိေတြ႕ ရွိသျဖင့္ ဖုန္းအားစစ္ေဆးခဲ့ရာ ဖုန္းအတြင္းမွ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ဆက္ႏြယ္ ေနသည့္ ဓာတ္ပုံအေထာက္အထားအခ်ဳိ႕ႏွင့္ ေနအိမ္အတြင္းမွ ထုပ္ပုိးထားေသာ ထမင္းေျခာက္အိတ္၊ ေခါက္ဆြဲေျခာက္ဖာမ်ား၊ ဓာတ္ဆားထုပ္မ်ားႏွင့္ အျခားစားေသာက္ကုန္ပစၥည္းမ်ားအား ရွာေဖြေတြ႕ရွိသိမ္းဆည္း ရမိခဲ့သည္။ 

အဆုိပါ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ဆက္ႏြယ္ေနသူ ဦးသိန္းစုိးေအာင္အား တရားဥပေဒအရ အေရးယူႏုိင္ေရး လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

 

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်နေသူကျေးရွာတာဝန်ခံတစ်ဦး အား တရားဥပဒေ အရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ 

နေပြည်တော်၊ မေ - ၁၇ 

တပ်မတော်စစ်ကြောင်းများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ဒေသခံပြည်သူ များနှင့်ပူးပေါင်းကာ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ကျေးရွာများအတွင်း ပုံဖျက်စိမ့်ဝင်လှုပ်ရှားမှုများမရှိစေရေးအတွက် သတင်းများရယူ ဖော်ထုတ်ပြီး နယ်မြေ လုံခြုံရေးလုပ်ငန်းများအား နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာအတွင်း AA အကြမ်းဖက်သောင်းကျန်း သူများ အရပ်သားအသွင်ဖြင့် ပုံဖျက်စိမ့်ဝင်လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များသည် တပ်မတော်စစ်ကြောင်းများ လုံခြုံရေးလိုက်ပါလျက် မေ ၁၆ ရက်နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ စစ်ဆေးစဉ် ကျေးရွာတာဝန်ခံ ဦးသိန်းစိုးအောင်(ဘ) ဦးအောင်ထွန်းစိန်သည် ၎င်း၏နေအိမ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓာတ်ပုံရိုက်ယူ နေသည်ကိုတွေ့ ရှိသဖြင့် ဖုန်းအားစစ်ဆေးခဲ့ရာ ဖုန်းအတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ် နေသည့် ဓာတ်ပုံအထောက်အထားအချို့နှင့် နေအိမ်အတွင်းမှ ထုပ်ပိုးထားသော ထမင်းခြောက်အိတ်၊ ခေါက်ဆွဲခြောက်ဖာများ၊ ဓာတ်ဆားထုပ်များနှင့် အခြားစားသောက်ကုန်ပစ္စည်းများအား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 

အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်နေသူ ဦးသိန်းစိုးအောင်အား တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

Recent News