အေျခခံပညာ စာသင္ေက်ာင္းမ်ား၌ စုေပါင္းသန္႔ရွင္းေရးမ်ား ဆက္လက္ျပဳလုပ္

အေျခခံပညာ စာသင္ေက်ာင္းမ်ား၌ စုေပါင္းသန္႔ရွင္းေရးမ်ား ဆက္လက္ျပဳလုပ္

ေနျပည္ေတာ္ ေမ ၁၈

 ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေက်ာင္းဖြင့္ခ်ိန္တြင္ စိတ္ေအးခ်မ္းသာစြာ ပညာသင္ၾကား ႏိုင္ေစရန္ႏွင့္ ေက်ာင္းပတ္ဝန္းက်င္ သန္႔ရွင္းသာယာ လွပေစေရးတို႔အတြက္ သက္ဆုိင္ ရာ တုိင္းစစ္ဌာနခ်ဳပ္မ်ားအလိုက္ အေျခခံပညာ ေက်ာင္းမ်ား၌ သန္႔ရွင္းေရးလုပ္ငန္းမ်ား စုေပါင္း ေဆာင္ရြက္ေပးလ်က္ရွိသည္။   

ထုိသို႔ ေဆာင္ရြက္ေပးရာ၌ ယေန႔တြင္ ေနျပည္ေတာ္ တုိင္းစစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက ပုဗၺသီရိၿမိဳ႕နယ္၊ အမွတ္(၂ဝ) အေျခခံပညာ အထက္တန္း ေက်ာင္း၌လည္းေကာင္း၊ ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ား က ျမစ္ႀကီးနားၿမိဳ႕ရွိ ေရၾကည္ရပ္ကြက္၊ အမွတ္(၁) အေျခခံပညာ အလယ္တန္း ေက်ာင္း၊ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၊ ဗန္းေမာ္ၿမိဳ႕နယ္၊ အမွတ္(၃) အေျခခံ ပညာအထက္တန္းေက်ာင္း၊ အမွတ္(၄)အေျခခံပညာ အထက္တန္းေက်ာင္း၊ မိုးေမာက္ ၿမိဳ႕နယ္၊ မိုင္းခက္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း၊ မိုးမိတ္ၿမိဳ႕နယ္၊ ေညာင္ပင္ေစာက္ အေျခခံပညာ အထက္တန္းေက်ာင္း၊ မိုးညႇင္းၿမိဳ႕နယ္၊ အေျခခံပညာ အထက္တန္းေက်ာင္း၊ မိုးေကာင္းၿမိဳ႕နယ္၊ အေျခခံပညာ မူလတန္းေက်ာင္း၊ ပူတာအို ၿမိဳ႕နယ္၊ ထဝါဒမ္းေက်းရြာ အေျခခံပညာ အလယ္တန္းေက်ာင္း၊ မခ်မ္းေဘာ့ၿမိဳ႕နယ္၊ အေျခခံပညာ မူလတန္းေက်ာင္း၊ တႏုိင္းၿမိဳ႕၊ အေျခခံပညာ မူလတန္းေက်ာင္းမ်ား၌ လည္းေကာင္း၊ 

အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေတာင္ႀကီးၿမိဳ႕နယ္၊ ေရႊေညာင္ၿမိဳ႕၊ စဥ့္ဟယ္ေက်းရြာ၊ အေျခခံပညာ မူလတန္း ေက်ာင္းႏွင့္ ရပ္ေစာက္ၿမိဳ႕နယ္၊ ဗထူးတပ္ၿမိဳ႕ အေျခခံပညာ အထက္တန္းေက်ာင္း၊ ကယားျပည္နယ္၊ ဖ႐ူဆိုၿမိဳ႕၊ အေျခခံပညာ အထက္တန္းေက်ာင္းတို႔၌ လည္းေကာင္း၊ အေရွ႕အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက နမ့္စန္ၿမိဳ႕၊ ၿမိဳ႕မအေျခခံပညာ အထက္တန္းေက်ာင္း၊ ခိုလမ္ၿမိဳ႕၊ ဝမ္ဖြီးအေျခခံပညာ မူလတန္းလြန္ ေက်ာင္းတို႔၌လည္းေကာင္း၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သား မ်ားက တြံေတးၿမိဳ႕နယ္၊ အုန္းပင္စုရပ္ကြက္ရွိ အမွတ္(၂) အေျခခံပညာ အထက္တန္း ေက်ာင္း၊ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက စစ္ေတြ ၿမိဳ႕နယ္၊ ပါဒလိတ္ေက်းရြာရွိ အမွတ္(၇)အေျခခံပညာ အထက္တန္းေက်ာင္း၌ လည္း ေကာင္း၊ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေတာင္ငူၿမိဳ႕ နယ္၊ ေညာင္သံုးပင္ေက်းရြာ၊ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၊ ေရတာရွည္ၿမိဳ႕နယ္၊ ေရနီၿမိဳ႕၊ အေျခခံပညာ အလယ္တန္း ေက်ာင္းခြဲႏွင့္ ေရႊက်င္ၿမိဳ႕နယ္၊ ေျခေတာ္ရာ ေက်းရြာ၊ အေျခခံပညာ အလယ္တန္း ေက်ာင္းခြဲတို႔၌ လည္းေကာင္း စုေပါင္း သန္႔ရွင္း ေရးလုပ္ငန္းမ်ား အသီးသီး ေဆာင္ရြက္ေပးသည္။ ထို႔ျပင္ ေတာင္ပိုင္း တုိင္းစစ္ဌာနခ်ဳပ္၊ ေတာင္ငူတပ္နယ္မွ တပ္မေတာ္သားမ်ားက ေညာင္သံုးပင္ေက်းရြာ၊ အေျခခံ ပညာမူလ တန္းလြန္ေက်ာင္းအတြက္ စာသင္ေဆာင္ အမိုးသြပ္မ်ား လွဴဒါန္းေပးသည္။    

ထိုသို႔ ေဆာင္ရြက္ေပးရာတြင္ တုိင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ နယ္ေျမခံတပ္မေတာ္ သားမ်ားက ေက်ာင္းဝင္းမ်ား အတြင္း/အျပင္ရွိ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္း ျခင္း၊ အမႈိက္မ်ား ရွင္းလင္းျခင္းႏွင့္ စာသင္ေဆာင္မ်ား ျပန္လည္ျပဳျပင္ေပးျခင္း၊ စာသင္ခံု မ်ား ေနရာခ်ထားေပးျခင္းႏွင့္ ေရစီးေရလာ ေကာင္းမြန္ေစေရးအတြက္ ေရႏုတ္ေျမာင္း မ်ားတူးေဖာ္ေပးျခင္း၊ ျခင္ေဆးဖ်န္းေပးျခင္း၊ abate ေဆးခတ္ျခင္းတို႔ကို စုေပါင္းေဆာင္ ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အခြေခံပညာ စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးများ ဆက်လက်ပြုလုပ်

နေပြည်တော် မေ ၁၈

 ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့အတွက် သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များအလိုက် အခြေခံပညာ ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။   

ထိုသို့ ဆောင်ရွက်ပေးရာ၌ ယနေ့တွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂ဝ) အခြေခံပညာ အထက်တန်း ကျောင်း၌လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ က မြစ်ကြီးနားမြို့ရှိ ရေကြည်ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အလယ်တန်း ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ဗန်းမော်မြို့နယ်၊ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ မိုးမောက် မြို့နယ်၊ မိုင်းခက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ မိုးမိတ်မြို့နယ်၊ ညောင်ပင်စောက် အခြေခံပညာ အထက်တန်းကျောင်း၊ မိုးညှင်းမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း၊ မိုးကောင်းမြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း၊ ပူတာအို မြို့နယ်၊ ထဝါဒမ်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ မချမ်းဘော့မြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း၊ တနိုင်းမြို့၊ အခြေခံပညာ မူလတန်းကျောင်းများ၌ လည်းကောင်း၊ 

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ စဉ့်ဟယ်ကျေးရွာ၊ အခြေခံပညာ မူလတန်း ကျောင်းနှင့် ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကယားပြည်နယ်၊ ဖရူဆိုမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက နမ့်စန်မြို့၊ မြို့မအခြေခံပညာ အထက်တန်းကျောင်း၊ ခိုလမ်မြို့၊ ဝမ်ဖွီးအခြေခံပညာ မူလတန်းလွန် ကျောင်းတို့၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သား များက တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက စစ်တွေ မြို့နယ်၊ ပါဒလိတ်ကျေးရွာရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ လည်း ကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တောင်ငူမြို့ နယ်၊ ညောင်သုံးပင်ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အခြေခံပညာ အလယ်တန်း ကျောင်းခွဲနှင့် ရွှေကျင်မြို့နယ်၊ ခြေတော်ရာ ကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်းခွဲတို့၌ လည်းကောင်း စုပေါင်း သန့်ရှင်း ရေးလုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးသည်။ ထို့ပြင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ တပ်မတော်သားများက ညောင်သုံးပင်ကျေးရွာ၊ အခြေခံ ပညာမူလ တန်းလွန်ကျောင်းအတွက် စာသင်ဆောင် အမိုးသွပ်များ လှူဒါန်းပေးသည်။    

ထိုသို့ ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော် သားများက ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ဆောင်များ ပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ခုံ များ နေရာချထားပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်း များတူးဖော်ပေးခြင်း၊ ခြင်ဆေးဖျန်းပေးခြင်း၊ abate ဆေးခတ်ခြင်းတို့ကို စုပေါင်းဆောင် ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News