ေသာက္သုံးေရရွားပါးမႈႀကံဳေတ႕ြေနရေသာ ေက်းရြာမ်ားသို႔ တိုင္းစစ္ဌာနခ်ဳပ္အသီးသီးမွ တပ္မေတာ္သားမ်ားက ေသာက္သုံးေရမ်ား ဆက္လက္ျဖန္႔ေဝလွဴဒါန္း 

 

ေသာက္သုံးေရရွားပါးမႈႀကံဳေတ႕ြေနရေသာ ေက်းရြာမ်ားသို႔ တိုင္းစစ္ဌာနခ်ဳပ္အသီးသီးမွ တပ္မေတာ္သားမ်ားက ေသာက္သုံးေရမ်ား ဆက္လက္ျဖန္႔ေဝလွဴဒါန္း 

ေနျပည္ေတာ္ ေမ ၁၈ 

ႏွစ္စဥ္ေႏြရာသီတြင္ ေသာက္သုံးေရ ရွားပါးမႈႀကံဳေတြ႕ေနရေသာ ျပည္နယ္ႏွင့္ တိုင္း ေဒသႀကီးအခ်ဳိ႕ရွိ ေက်းရြာမ်ားသို႔ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားမွ တပ္မေတာ္သား မ်ားက ေရသယ္ယာဥ္မ်ားျဖင့္ ေသာက္သုံးေရမ်ား သြားေရာက္ျဖန္႔ေဝ လွဴဒါန္းေပး လ်က္ရွိသည္။ 

 ထိုသို႔ ျဖန္႔ေဝလွဴဒါန္းေပးလ်က္ရွိရာ ယေန႔တြင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ေတာင္ ႀကီးၿမိဳ႕နယ္၊ ေရႊေညာင္ၿမိဳ႕၊ ေငြေတာင္ေက်းရြာ၊ ေရျဖဴေက်းရြာ၊ ကယားျပည္နယ္၊ လြိဳင္ ေကာ္ၿမိဳ႕၊ ဧက ၅ဝဝ ရပ္ကြက္၊ ထီရိေက်းရြာ၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေဒါဆိုေရွးေက်းရြာ၊ ေဘာလခဲၿမိဳ႕နယ္၊ နန္းေနာကေက်းရြာႏွင့္ ခဲမျဖဴ ေက်းရြာမ်ားသို႔ ေသာက္သုံးေရဂါလန္ ၁၇ဝဝဝ ကိုလည္းေကာင္း၊ ကမ္း႐ိုးတန္း ေဒသတိုင္း စစ္ဌာနခ်ဳပ္က ပုေလာၿမိဳ႕နယ္၊ ပေလာက္ၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၊ ဖိုးပ်ံကုန္းေက်းရြာႏွင့္ သဲပုံေက်းရြာမ်ားသို႔ ေသာက္ သုံးေရဂါလန္ ၄၇ဝဝ ႏွင့္ ေရသန္႔ဘူးႀကီးမ်ားကိုလည္းေကာင္း၊ ရန္ကုန္တိုင္း စစ္ဌာန ခ်ဳပ္က တိုက္ႀကီးၿမိဳ႕နယ္၊ က်ားေခ်ာင္းေက်းရြာသို႔ ေသာက္သုံးေရဂါလန္ ၁၆ဝဝ ႏွင့္ ေသာက္ေရသန္႔ ဘူးႀကီးမ်ားကိုလည္းေကာင္း၊ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က အမ္းၿမိဳ႕နယ္၊ ေၾကာင္ျဖဴကြင္း ေက်းရြာသို႔ ေသာက္သုံးေရဂါလန္ ၄၈ဝဝ ႏွင့္ ေသာက္ ေရသန္႔ဘူးႀကီးမ်ား ကိုလည္းေကာင္း၊ အေနာက္ေျမာက္ တိုင္းစစ္ဌာနခ်ဳပ္က ခ်င္း ျပည္နယ္၊ ဟားခါးၿမိဳ႕၊ ေစ်းသစ္ရပ္ကြက္သို႔ ေသာက္သုံးေရဂါလန္ ၄၈ဝဝ ဂါလန္ကို လည္းေကာင္း၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က သပိတ္က်င္းၿမိဳ႕နယ္၊ ထူးတြင္းေက်းရြာ သို႔ ေသာက္သုံးေရဂါလန္ ၁၂၉ဝ ကိုလည္းေကာင္း၊ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ေညာင္ေလးပင္ၿမိဳ႕နယ္၊ မေဒါက္ၿမိဳ႕ရွိ မိဘမဲ့ကေလး ေစာင့္ေရွာက္ေရးေက်ာင္း၊ ေပါက္ေခါင္းၿမိဳ႕နယ္၊ နတ္ေရတြင္းေက်းရြာႏွင့္ ပန္းေတာင္းၿမိဳ႕နယ္၊ ေညာင္ျဖဴေက်းရြာ မ်ားသို႔ ေသာက္သုံးေရ ဂါလန္ ၅၆၆၆ ဂါလန္ကိုလည္းေကာင္း အသီးသီး သြားေရာက္ ျဖန္႔ေဝ လွဴဒါန္းၾကသည္။

 ေရလွဴဒါန္းမႈ အေနျဖင့္ ယေန႔တြင္ တိုင္းစစ္ဌာနခ်ဳပ္ ၇ တိုင္းတို႔မွ ေသာက္သုံးေရဂါလန္ ၃၅ဝ၅၆ ဂါလန္ကို လွဴဒါန္း ေပးႏိုင္ခဲ့ၿပီး အဆိုပါ ေသာက္သုံးေရ ရွားပါးမႈႀကံဳေတြ႕ ေနရေသာ ေနရာမ်ားသို႔ ေသာက္သုံးေရ လိုအပ္ခ်က္အေပၚ မူတည္၍ ဆက္လက္ လွဴဒါန္း သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

သောက်သုံးရေရှားပါးမှုကြုံတေ့ွနေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေလှူဒါန်း 

နေပြည်တော် မေ ၁၈ 

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်း ဒေသကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား များက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေး လျက်ရှိသည်။ 

ထိုသို့ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က တောင် ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ငွေတောင်ကျေးရွာ၊ ရေဖြူကျေးရွာ၊ ကယားပြည်နယ်၊ လွိုင် ကော်မြို့၊ ဧက ၅ဝဝ ရပ်ကွက်၊ ထီရိကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေးကျေးရွာ၊ ဘောလခဲမြို့နယ်၊ နန်းနောကကျေးရွာနှင့် ခဲမဖြူ ကျေးရွာများသို့ သောက်သုံးရေဂါလန် ၁၇ဝဝဝ ကိုလည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်က ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဖိုးပျံကုန်းကျေးရွာနှင့် သဲပုံကျေးရွာများသို့ သောက် သုံးရေဂါလန် ၄၇ဝဝ နှင့် ရေသန့်ဘူးကြီးများကိုလည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ်က တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာသို့ သောက်သုံးရေဂါလန် ၁၆ဝဝ နှင့် သောက်ရေသန့် ဘူးကြီးများကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အမ်းမြို့နယ်၊ ကြောင်ဖြူကွင်း ကျေးရွာသို့ သောက်သုံးရေဂါလန် ၄၈ဝဝ နှင့် သောက် ရေသန့်ဘူးကြီးများ ကိုလည်းကောင်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်က ချင်း ပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်သို့ သောက်သုံးရေဂါလန် ၄၈ဝဝ ဂါလန်ကို လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က သပိတ်ကျင်းမြို့နယ်၊ ထူးတွင်းကျေးရွာ သို့ သောက်သုံးရေဂါလန် ၁၂၉ဝ ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ မိဘမဲ့ကလေး စောင့်ရှောက်ရေးကျောင်း၊ ပေါက်ခေါင်းမြို့နယ်၊ နတ်ရေတွင်းကျေးရွာနှင့် ပန်းတောင်းမြို့နယ်၊ ညောင်ဖြူကျေးရွာ များသို့ သောက်သုံးရေ ဂါလန် ၅၆၆၆ ဂါလန်ကိုလည်းကောင်း အသီးသီး သွားရောက် ဖြန့်ဝေ လှူဒါန်းကြသည်။ 

ရေလှူဒါန်းမှု အနေဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ် ၇ တိုင်းတို့မှ သောက်သုံးရေဂါလန် ၃၅ဝ၅၆ ဂါလန်ကို လှူဒါန်း ပေးနိုင်ခဲ့ပြီး အဆိုပါ သောက်သုံးရေ ရှားပါးမှုကြုံတွေ့ နေရသော နေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက် လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News