ႏုိင္ဂ်ီးရီးယားႏုိင္ငံ၊ ႏုိင္ငံေတာ္ ကာကြယ္ေရး တကၠသိုလ္ သင္တန္းအမွတ္စဥ္(၂၇)မွ သင္တန္းသားမ်ား ေလ့လာေရးခရီး ေရာက္ရွိ 

ႏုိင္ဂ်ီးရီးယားႏုိင္ငံ၊ ႏုိင္ငံေတာ္ ကာကြယ္ေရး တကၠသိုလ္ သင္တန္းအမွတ္စဥ္(၂၇)မွ သင္တန္းသားမ်ား ေလ့လာေရးခရီး ေရာက္ရွိ 

ေနျပည္ေတာ္ ေမ ၁၉ 

 

ႏုိင္ဂ်ီးရီးယားႏုိင္ငံ၊ ႏုိင္ငံေတာ္ကာကြယ္ေရး တကၠသိုလ္ သင္တန္းအမွတ္စဥ္(၂၇)မွ ဗိုလ္မွဴးခ်ဳပ္ Lawrence Ayaegbunem FEJOKWU ဦးေဆာင္ေသာ ကိုယ္စားလွယ္ အဖြဲ႕သည္ ျပည္ေထာင္စုသမၼတ ျမန္မာႏုိင္ငံသို႔ ေလ့လာေရးခရီး လည္ပတ္ရန္အတြက္ ယေန႔ညေနပုိင္းတြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္သို႔ေရာက္ရွိၾကရာ မဂၤလာဒံုတပ္နယ္မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ဗန္ေကာက္အေျခစုိက္ ႏုိင္ဂ်ီးရီးယားသံ႐ံုးမွ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ႀကိဳဆုိ ႏႈတ္ဆက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ်(၂၇)မှ သင်တန်းသားများ လေ့လာရေးခရီး ရောက်ရှိ 

နေပြည်တော် မေ ၁၉ 

နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ်(၂၇)မှ ဗိုလ်မှူးချုပ် Lawrence Ayaegbunem FEJOKWU ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ လေ့လာရေးခရီး လည်ပတ်ရန်အတွက် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗန်ကောက်အခြေစိုက် နိုင်ဂျီးရီးယားသံရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News