ေသာက္သံုးေရ ရွားပါးမႈ ႀကံဳေတြ႕ေနရေသာ ေက်းရြာမ်ားသို႔ တိုင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ တပ္မေတာ္သားမ်ားက ေသာက္သံုး ေရမ်ား ဆက္လက္ျဖန္႔ေဝ လွဴဒါန္း 

ေသာက္သံုးေရ ရွားပါးမႈ ႀကံဳေတြ႕ေနရေသာ ေက်းရြာမ်ားသို႔ တိုင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ တပ္မေတာ္သားမ်ားက ေသာက္သံုး ေရမ်ား ဆက္လက္ျဖန္႔ေဝ လွဴဒါန္း 

ေနျပည္ေတာ္ ေမ ၁၉ 

 

ႏွစ္စဥ္ေႏြရာသီတြင္ ေသာက္သံုးေရရွားပါးမႈႀကံဳေတြ႕ေနရေသာ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအခ်ဳိ႕ရွိ ေက်းရြာမ်ားသို႔ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားမွ တပ္မေတာ္သားမ်ားက ေရသယ္ယာဥ္မ်ားျဖင့္ ေသာက္သံုးေရမ်ား သြားေရာက္ ျဖန္႔ေဝ လွဴဒါန္း ေပးလ်က္ရွိသည္။

 

 ထုိသို႔ျဖန္႔ေဝ လွဴဒါန္း ေပးလ်က္ရွိရာ ယေန႔တြင္ ကမ္း႐ိုးတန္းေဒသ တိုင္းစစ္ဌာနခ်ဳပ္က ထားဝယ္ၿမိဳ႕နယ္၊ မဲေခ်ာင္း ေက်းရြာ၊ သရက္ ေခ်ာင္းၿမိဳ႕နယ္၊ ပန္းခ်ီေရွာင္ေက်းရြာ တုိ႔သို႔ ေရသန္႔ဘူးႀကီးမ်ားကို လည္းေကာင္း၊ အေနာက္ ေျမာက္တိုင္း စစ္ဌာနခ်ဳပ္က စစ္ကိုင္း ၿမိဳ႕နယ္၊ ေရျမက္ေက်းရြာသို႔ ေသာက္သံုးေရ ၁၂ဝဝ ဂါလန္ႏွင့္ ေရသန္႔ဘူးႀကီး မ်ားကိုလည္းေကာင္း အသီးသီး သြားေရာက္ျဖန္႔ေဝလွဴဒါန္း ၾကသည္။ အဆိုပါ ေသာက္သံုးေရ ရွားပါးမႈႀကံဳေတြ႕ ေနရေသာ ေနရာမ်ားသုိ႔ ေသာက္သံုးေရ လိုအပ္ခ်က္အေပၚ မူတည္၍ ဆက္လက္ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံး ရေများ ဆက်လက်ဖြန့်ဝေ လှူဒါန်း 

နေပြည်တော် မေ ၁၉ 

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှုကြုံတွေ့နေရသော ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက် ဖြန့်ဝေ လှူဒါန်း ပေးလျက်ရှိသည်။ 

ထိုသို့ဖြန့်ဝေ လှူဒါန်း ပေးလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က ထားဝယ်မြို့နယ်၊ မဲချောင်း ကျေးရွာ၊ သရက် ချောင်းမြို့နယ်၊ ပန်းချီရှောင်ကျေးရွာ တို့သို့ ရေသန့်ဘူးကြီးများကို လည်းကောင်း၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ်က စစ်ကိုင်း မြို့နယ်၊ ရေမြက်ကျေးရွာသို့ သောက်သုံးရေ ၁၂ဝဝ ဂါလန်နှင့် ရေသန့်ဘူးကြီး များကိုလည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေလှူဒါန်း ကြသည်။ အဆိုပါ သောက်သုံးရေ ရှားပါးမှုကြုံတွေ့ နေရသော နေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

Recent News