တပ္မေတာ္ ျမစ္တြင္းသြား ေဆး႐ံုေရယာဥ္(ေရႊပုဇြန္)ႏွင့္ ျမစ္ေရယာဥ္(စကု)တို႔ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ 

တပ္မေတာ္ ျမစ္တြင္းသြား ေဆး႐ံုေရယာဥ္(ေရႊပုဇြန္)ႏွင့္ ျမစ္ေရယာဥ္(စကု)တို႔ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၉ 

 

ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးရန္ ေရာက္ရွိေနသည့္ တပ္မေတာ္ နယ္လွည့္အထူးကု ေဆးအဖြဲ႕မ်ားပါဝင္ေသာ တပ္မေတာ္ျမစ္ တြင္းသြား ေဆး႐ံုေရယာဥ္ (ေရႊပုဇြန္)ႏွင့္ ျမစ္ေရယာဥ္(စကု)တို႔သည္ ေမ၁၈ရက္ႏွင့္ ယေန႔တို႔တြင္ ဧရာဝတီတုိင္း ေဒသႀကီး၊ ဘိုကေလးၿမိဳ႕နယ္၊ ရြာသစ္ေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ ေဒသခံျပည္သူ ၁၆ဝ၁ဦးအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။  

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈ ဆိုင္ရာေရာဂါ ၂၆ဝ ဦး၊ ခြဲစိတ္ေရာဂါ ၁၅၅ ဦး၊ သားဖြား/ မီးယပ္ေရာဂါ ၈၉ ဦး၊ ကေလးေရာဂါ ၁၄၈ ဦး၊ အ႐ိုးေရာဂါ ၂၈၈ ဦး၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၁ဝ၂ ဦး၊ မ်က္စိေရာဂါ ၃၃၅ ဦးႏွင့္ သြားေရာဂါ ၂၂၆ ဦးတို႔ကို လိုအပ္သည့္ေဆးဝါးကုသမႈမ်ားေဆာင္ရြက္ေပးၿပီး ၎တို႔အနက္မွ မ်က္စိခြဲစိတ္လူနာ ၁၈ ဦးႏွင့္ အေထြေထြခြဲစိတ္လူနာ ၂၆ ဦးတို႔ကို ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးကာ ဓာတ္မွန္႐ိုက္ လူနာ ၆ဝဦး၊ တယ္လီ ေဗးရွင္း ဓာတ္မွန္႐ိုုက္လူနာ ၈၃ ဦး၊ ECG စက္ျဖင့္ ႏွလံုးစမ္းလူနာ ၉၁ဦးႏွင့္ ဓာတ္ခြဲ စမ္းသပ္လူနာ ၁၅၅ဦးတို႔ကို ေရာဂါရွာေဖြ စမ္းသပ္စစ္ေဆး ေပးျခင္းမ်ားေဆာင္ရြက္ေပးႏုိိင္ခဲ့ကာ ကိုယ္ဝန္ေဆာင္မိခင္ တစ္ဦးအား ေဆး႐ံု ေရယာဥ္ ေပၚရွိ သားဖြားခန္း၌ ေအာင္ျမင္စြာ မီးဖြား ေပးႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် 

နေပြည်တော် မေ ၁၉ 

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ် တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် မေ၁၈ရက်နှင့် ယနေ့တို့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၆ဝ၁ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၆ဝ ဦး၊ ခွဲစိတ်ရောဂါ ၁၅၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၈၉ ဦး၊ ကလေးရောဂါ ၁၄၈ ဦး၊ အရိုးရောဂါ ၂၈၈ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁ဝ၂ ဦး၊ မျက်စိရောဂါ ၃၃၅ ဦးနှင့် သွားရောဂါ ၂၂၆ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၁၈ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၂၆ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက် လူနာ ၆ဝဦး၊ တယ်လီ ဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၈၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းလူနာ ၉၁ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၁၅၅ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေး ပေးခြင်းများဆောင်ရွက်ပေးနိုင်ခဲ့ကာ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးအား ဆေးရုံ ရေယာဉ် ပေါ်ရှိ သားဖွားခန်း၌ အောင်မြင်စွာ မီးဖွား ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News