ျပည္ၿမိဳ႕၊ ရတနာမၪၨရီသီလရွင္သင္ မိဘမဲ့ ပညာေရးေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ျပည္ၿမိဳ႕၊ ရတနာမၪၨရီသီလရွင္သင္ မိဘမဲ့ ပညာေရးေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၁၉ 

 

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕၊ ေအာင္ဆန္းျပည္သာယာ ရပ္ကြက္၊ ရတနာမၪၨရီ သီလရွင္သင္မိဘမဲ့ ပညာေရးေက်ာင္းရွိ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ေမ ၁၈ ရက္ နံနက္ပိုင္းတြင္ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူ ၁၁၆ ဦးတို႔အား ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ေသြးတိုးေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္ေသာသူေျခာက္ဦးအား ျပည္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ေဆးကုသေရးအဖြဲ႕က ေသြးလြန္တုပ္ေကြး ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ျပည္တပ္နယ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေက်ာင္းဝင္း အတြင္း/အျပင္ရွိ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ ရွင္းလင္းေပးျခင္း၊ အမိႈက္မ်ား ရွင္းလင္းေပးျခင္း စသည ့္စုေပါင္း သန္႔ရွင္းေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ယင္းသို႔ေဆာင္ရြက္ေနမႈမ်ားကို တိုင္းစစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ရတနာမၪၨရီသီလရွင္သင္ မိဘမဲ့ပညာေရး ေက်ာင္းသို႔ ဆန္၊ ဆီႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ပြည်မြို့၊ ရတနာမဉ္ဇရီသီလရှင်သင် မိဘမဲ့ ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၁၉ 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အောင်ဆန်းပြည်သာယာ ရပ်ကွက်၊ ရတနာမဉ္ဇရီ သီလရှင်သင်မိဘမဲ့ ပညာရေးကျောင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံပြည်သူများအား မေ ၁၈ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ ၁၁၆ ဦးတို့အား ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောသူခြောက်ဦးအား ပြည်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့ပြင်ဆေးကုသရေးအဖွဲ့က သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးပြီး ပြည်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းပေးခြင်း၊ အမှိုက်များ ရှင်းလင်းပေးခြင်း စသည့်စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ရတနာမဉ္ဇရီသီလရှင်သင် မိဘမဲ့ပညာရေး ကျောင်းသို့ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News