သရက္ေခ်ာင္းၿမိဳ႔နယ္၊ ေခ်ာင္းႏွစ္ခြေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

 

သရက္ေခ်ာင္းၿမိဳ႔နယ္၊ ေခ်ာင္းႏွစ္ခြေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၂ဝ 

 

တနသၤာရီတိုင္းေဒသႀကီး၊ သရက္ေခ်ာင္းၿမိဳ႕နယ္၊ ေခ်ာင္းႏွစ္ခြေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်းရြာရွိ ရြာလယ္ေက်ာင္းတိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ေျခာက္ပါးႏွင့္ ေဒသခံ ျပည္သူ ၈၅ ဦး တို႔ကို ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/ မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ႏွလံုးခုန္ႏႈန္း စစ္ေဆးေပးျခင္းႏွင့္ ဆီးခ်ဳိ၊ ေသြးခ်ဳိ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

သရက်ချောင်းမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၂ဝ 

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ရွာလယ်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်ခြောက်ပါးနှင့် ဒေသခံ ပြည်သူ ၈၅ ဦး တို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ နှလုံးခုန်နှုန်း စစ်ဆေးပေးခြင်းနှင့် ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News