ကခ်င္ျပည္နယ္၊ ပူတာအိုခရိုင္ မေဂြဇ- ေခါင္လန္ဖူးသို႔ လမ္းေဖာက္လုပ္ေနသည့္ ယႏၱရားႀကီးမ်ားအတြက္ စက္သုံးဆီအား တပ္မေတာ္ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္ 

ကခ်င္ျပည္နယ္၊ ပူတာအိုခရိုင္ မေဂြဇ- ေခါင္လန္ဖူးသို႔ လမ္းေဖာက္လုပ္ေနသည့္ ယႏၱရားႀကီးမ်ားအတြက္ စက္သုံးဆီအား တပ္မေတာ္ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္ 

ေနျပည္ေတာ္ ေမ ၂ဝ 

 

ကခ်င္ျပည္နယ္အတြင္း လမ္းပန္းဆက္သြယ္ေရးခက္ခဲၿပီး ေဝးလံေခါင္းပါးသည့္ ပူတာအုိခ႐ုိင္ မေဂြဇ- ေခါင္လန္ဖူးသို႔ နယ္စပ္ေရးရာ ဝန္ႀကီးဌာနမွ ေဖာက္လုပ္လ်က္ရွိသည့္ ၆၅ မုိင္ ၄ ဖာလံု လမ္းေဖာက္လုပ္ေနမႈအား လ်င္ျမန္စြာ ၿပီးစီးရန္ ယႏၲရားႀကီးမ်ားအတြက္ လုိအပ္ေသာ စက္သံုးဆီ ၃ဝဝ ဂါလန္အား ယေန႔တြင္ တပ္မေတာ္ ရဟတ္ယာဥ္ျဖင့္ ပူတာအုိၿမိဳ႕မွ ေခါင္လန္ဖူး ၿမိဳ႕သို႔ သယ္ယူပို႔ေဆာင္ေပးသည္။  

 

ထုိသို႔ပို႔ေဆာင္ေပးရာတြင္ ပူတာအုိၿမိဳ႕မွ နယ္ေျမခံတပ္မေတာ္သားမ်ားက ေမာ္ေတာ္ယာဥ္မ်ား ေပၚမွ ရဟတ္ယာဥ္ ေပၚသို႔ ေျပာင္းေရႊ႕သယ္ေဆာင္ေပး ခဲ့ၿပီး ေခါင္လန္ဖူးၿမိဳ႕ နယ္ေျမခံတပ္မေတာ္သားမ်ားႏွင့္ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားက ရဟတ္ယာဥ္ေပၚသို႔ ပစၥည္းမ်ားအားေရႊ႕ေျပာင္းသယ္ေဆာင္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မဂွေဇ- ခေါင်လန်ဖူးသို့ လမ်းဖောက်လုပ်နေသည့် ယန္တရားကြီးများအတွက် စက်သုံးဆီအား တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင် 

နေပြည်တော် မေ ၂ဝ 

ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်းပါးသည့် ပူတာအိုခရိုင် မဂွေဇ- ခေါင်လန်ဖူးသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဖောက်လုပ်လျက်ရှိသည့် ၆၅ မိုင် ၄ ဖာလုံ လမ်းဖောက်လုပ်နေမှုအား လျင်မြန်စွာ ပြီးစီးရန် ယန္တရားကြီးများအတွက် လိုအပ်သော စက်သုံးဆီ ၃ဝဝ ဂါလန်အား ယနေ့တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ပူတာအိုမြို့မှ ခေါင်လန်ဖူး မြို့သို့ သယ်ယူပို့ဆောင်ပေးသည်။ 

ထိုသို့ပို့ဆောင်ပေးရာတွင် ပူတာအိုမြို့မှ နယ်မြေခံတပ်မတော်သားများက မော်တော်ယာဉ်များ ပေါ်မှ ရဟတ်ယာဉ် ပေါ်သို့ ပြောင်းရွှေ့သယ်ဆောင်ပေး ခဲ့ပြီး ခေါင်လန်ဖူးမြို့ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရဟတ်ယာဉ်ပေါ်သို့ ပစ္စည်းများအားရွှေ့ပြောင်းသယ်ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News