ေရေၾကာင္း လူငယ္ႏွင္႕ေလေၾကာင္းလူငယ္ သင္တန္းသား၊ သင္တန္းသူမ်ား ျပည္နယ္ႏွင္႕တုိင္းေဒသႀကီး အလုိက္ စခန္း အသီးသီးသို့ ျပန္လည္ထြက္ခြာ 

ေရေၾကာင္း လူငယ္ႏွင္႕ေလေၾကာင္းလူငယ္ သင္တန္းသား၊ သင္တန္းသူမ်ား ျပည္နယ္ႏွင္႕တုိင္းေဒသႀကီး အလုိက္ စခန္း အသီးသီးသို့ ျပန္လည္ထြက္ခြာ 

ေနျပည္ေတာ္ ေမ ၂ဝ 

 

ဂုဏ္ျပဳေတြ႕ဆံုပြဲႏွင့္ အထင္ကရေနရာမ်ားသို႔ ေလ့လာလည္ပတ္ရန္ ေနျပည္ေတာ္သို႔ေရာက္ရွိေန သည့္ ျပည္နယ္ႏွင့္ တုိင္းေဒသႀကီး အသီးသီးတုိ႔မွ ေရေၾကာင္းလူငယ္ႏွင့္ေလေၾကာင္းလူငယ္ သင္တန္းသား၊ သင္တန္းသူမ်ားသည္ ယေန႔ နံနက္ပုိင္းတြင္ ေတာင္ငူႏွင့္ ရန္ကုန္ၿမိဳ႕မ်ားသို႔ မီးရထားျဖင့္ လည္းေကာင္း၊ နမ့္စန္၊ ျမစ္ႀကီးနားႏွင့္ဟုမၼလင္းၿမိဳ႕ မ်ားသို႔ တပ္မေတာ္မွ ေလယာဥ္မ်ားျဖင့္ လည္းေကာင္း၊ မိတီၴလာ၊ မႏၲေလး၊ မေကြး၊ လြိဳင္ေကာ္၊ မံုရြာႏွင့္ ေတာင္ႀကီးၿမိဳ႕ မ်ားသို႔ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လည္းေကာင္း အသီး သီးျပန္လည္ထြက္ခြာၾကရာ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ)မွ အရာရွိႀကီးမ်ားက လုိက္လံပုိ႔ေဆာင္ ႏႈတ္ဆက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ရေကြောင်း လူငယ်နှင့်လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် စခန်း အသီးသီးသို့ ပြန်လည်ထွက်ခွာ 

နေပြည်တော် မေ ၂ဝ 

ဂုဏ်ပြုတွေ့ဆုံပွဲနှင့် အထင်ကရနေရာများသို့ လေ့လာလည်ပတ်ရန် နေပြည်တော်သို့ရောက်ရှိနေ သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့မှ ရေကြောင်းလူငယ်နှင့်လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူနှင့် ရန်ကုန်မြို့များသို့ မီးရထားဖြင့် လည်းကောင်း၊ နမ့်စန်၊ မြစ်ကြီးနားနှင့်ဟုမ္မလင်းမြို့ များသို့ တပ်မတော်မှ လေယာဉ်များဖြင့် လည်းကောင်း၊ မိတ္ထီလာ၊ မန္တလေး၊ မကွေး၊ လွိုင်ကော်၊ မုံရွာနှင့် တောင်ကြီးမြို့ များသို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း အသီး သီးပြန်လည်ထွက်ခွာကြရာ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိကြီးများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News