ကေလာၿမိဳ႔နယ္၊ ေက်ာက္တန္း ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ 

ကေလာၿမိဳ႔နယ္၊ ေက်ာက္တန္း ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၂ဝ 

 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာၿမိဳ႕နယ္၊ ေက်ာက္တန္းေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ ေဒသခံ တုိင္းရင္းသားျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္း တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာရွိ ရြာဂုဏ္ေရာင္ ေက်းရြာခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံ တုိင္းရင္းသား ျပည္သူ ၁ဝ၆ ဦးတုိ႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါ တုိ႔ႏွင့္ ပတ္သက္၍ လုိအပ္ သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသ ရန္လုိအပ္သူ ၁၂ ဦးကို ေအာင္ပန္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ ေရး စီစဥ္ေဆာင္ ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ကလောမြို့နယ်၊ ကျောက်တန်း ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် 
နေပြည်တော် မေ ၂ဝ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ရွာဂုဏ်ရောင် ကျေးရွာခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသား ပြည်သူ ၁ဝ၆ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ် သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသ ရန်လိုအပ်သူ ၁၂ ဦးကို အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင် ရေး စီစဉ်ဆောင် ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News