ေလျပင္းတိုက္ခတ္မႈေၾကာင္႕ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ႕သည္႕ေက်းရြာမ်ားသို႕ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေလျပင္းတိုက္ခတ္မႈေၾကာင္႕ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ႕သည္႕ေက်းရြာမ်ားသို႕ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၂ဝ

 ပဲခူးတုိင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္ ေခ်ာင္းရင္းေက်းရြာအုပ္စု၊ ငါးႀကီးအုိင္ ေက်းရြာႏွင့္ ပန္းေတာင္းၿမိဳ႕နယ္၊ ေရႊေတာင္ ေငြေတာင္အုပ္စု၊ ခေပါင္းေက်းရြာမ်ား အတြင္း ေမ ၁၉ ရက္ ညေနပိုင္းတြင္ ေလျပင္းတုိက္ခတ္မႈေၾကာင့္ ေက်းရြာမ်ားရွိ လူေနအိမ္မ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ စာသင္ေက်ာင္းမ်ား၊ အမိုးလန္ျခင္း၊ ၿပိဳက်ပ်က္စီးျခင္းႏွင့္ သစ္ပင္သစ္ကိုင္းမ်ား က်ဳိးက်ျခင္းမ်ား ျဖစ္ေပၚခဲ့သည္။ 

အဆုိပါ ေလျပင္းတုိက္ခတ္မႈေၾကာင့္ ပ်က္စီးျခင္းမ်ား ျဖစ္ေပၚခဲ့ေသာ ေနရာမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ သက္ဆုိင္ရာ တပ္နယ္အသီးသီးမွ တပ္မေတာ္သားမ်ားက ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ ေက်းရြာမ်ားရွိ အပ်က္အစီးမ်ား ဖယ္ရွားရွင္းလင္းျခင္း၊ သစ္ပင္သစ္ကိုင္းမ်ား ခုတ္ထြင္ရွင္းလင္းျခင္း စသည့္ ကူညီ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။          

(Unicode Version)

 လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၂ဝ 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ချောင်းရင်းကျေးရွာအုပ်စု၊ ငါးကြီးအိုင် ကျေးရွာနှင့် ပန်းတောင်းမြို့နယ်၊ ရွှေတောင် ငွေတောင်အုပ်စု၊ ခပေါင်းကျေးရွာများ အတွင်း မေ ၁၉ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာများရှိ လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၊ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သော နေရာများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ သက်ဆိုင်ရာ တပ်နယ်အသီးသီးမှ တပ်မတော်သားများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ကျေးရွာများရှိ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။          

Recent News