

နေပြည်တော် မေ ၂ဝ



ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာန ချုပ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များက ကျောင်းဝင်း များအတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ဆောင် များပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ခုံများနေရာချထားပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်စေ ရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း တို့ကို စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

(Unicode Version)

အခြေခံပညာ စာသင်ကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးများ ဆက်လက်ပြုလုပ် 

နေပြည်တော် မေ ၂ဝ 

ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်း ကျင် သန့်ရှင်း သာယာလှပစေရေးတို့အတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် အခြေခံပညာ ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ပေးရာ၌ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လားရှိုးမြို့ရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌လည်း ကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှနယ်မြေခံ တပ်မတော် သားများက ရပ်စောက်မြို့၊ မြောက်ကွက်သစ်ရပ်ကွက်၊ အမှတ်(၁ဝ)အခြေခံပညာမူလတန်းကျောင်းတို့၌လည်းကောင်း၊ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာရှိ အခြေခံ ပညာအထက် တန်းကျောင်း၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာ အုပ်စု၊ ဘန့်ဘွေးကွင်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ လည်း ကောင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှနယ်မြေခံတပ်မတော်သားများက တောင်ကုတ်တပ်နယ်၊ ဖုံညိုကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၌လည်းကောင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ အသီးသီးဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာန ချုပ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များက ကျောင်းဝင်း များအတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုှုက်များ ရှင်းလင်းခြင်းနှင့် စာသင်ဆောင် များပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ခုံများနေရာချထားပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်စေ ရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း တို့ကို စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News