

နေပြည်တော် မေ ၂ဝ 


ထိုသို့ဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်က ပုဗ္ဗသီရိမြို့နယ်၊ စက်ကုန်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၂၆ဝဝ ကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ရပ်စောက်မြို့နယ်၊ ဝက်ကျခဲကျေးရွာ သို့ သောက်သုံးရေဂါလန် ၄ဝဝဝ ကိုလည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က ရေဖြူမြို့နယ်၊ ဒေါက် လောက်ကျေးရွာသို့ သောက်သုံးရေဂါလန်၁၂ဝဝ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်က မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက်နှင့် ကြူစမ်းရွာမကွက်သစ် ရပ်ကွက်သို့ သောက်သုံးရေ ၂၄ဝဝ ဂါလန်နှင့် ရေသန့်ဘူး ကြီးများကိုလည်း ကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကျောက်ဖြူတပ်နယ်၊ ငလပွေ့ ရွာသစ်ကျေးရွာသို့ သောက်သုံးရေဂါလန်၎ဝဝဝ ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က သရက်မြို့နယ်၊ စခန်းကြီး ကျေးရွာနှင့် အထက်မင်း လှမြို့နယ်၊ မလွန် ကျေးရွာအုပ်စု၊ ညောင်ပင်ကျင်းကျေးရွာ များသို့ သောက်သုံးရေ ၂၆ဝဝ ဂါလန်နှင့် ရေသန့်ဘူး ကြီးများကို လည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ မြောက်ရေကြည်ကျေးရွာ၊ ပန်းတောင်း မြို့နယ်၊ နသုန် ကျေးရွာနှင့် ပြည်မြို့၊ အောင်ဆန်းသာယာရပ်ကွက်၊ ဓမ္မပါလဘုန်းတော်ကြီး ကျောင်း၌ သောက်သုံး ရေ ဂါလန် ၃ဝဝ၈ ဂါလန်ကို လည်းကောင်း အသီးသီးသွားရောက်ဖြန့်ဝေ လှူဒါန်းကြသည်။ 


(Unicode Version) 

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ လှူဒါန်း 

နေပြည်တော် မေ ၂ဝ 

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါး မှုကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသ ကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက် ဖြန့်ဝေ လှူဒါန်း ပေးလျက်ရှိသည်။ 

ထိုသို့ဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်က ပုဗ္ဗသီရိမြို့နယ်၊ စက်ကုန်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၂၆ဝဝ ကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ရပ်စောက်မြို့နယ်၊ ဝက်ကျခဲကျေးရွာ သို့ သောက်သုံးရေဂါလန် ၄ဝဝဝ ကိုလည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က ရေဖြူမြို့နယ်၊ ဒေါက် လောက်ကျေးရွာသို့ သောက်သုံးရေဂါလန်၁၂ဝဝ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်က မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက်နှင့် ကြူစမ်းရွာမကွက်သစ် ရပ်ကွက်သို့ သောက်သုံးရေ ၂၄ဝဝ ဂါလန်နှင့် ရေသန့်ဘူး ကြီးများကိုလည်း ကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကျောက်ဖြူတပ်နယ်၊ ငလပွေ့ ရွာသစ်ကျေးရွာသို့ သောက်သုံးရေဂါလန်၄ဝဝဝ ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က သရက်မြို့နယ်၊ စခန်းကြီး ကျေးရွာနှင့် အထက်မင်း လှမြို့နယ်၊ မလွန် ကျေးရွာအုပ်စု၊ ညောင်ပင်ကျင်းကျေးရွာ များသို့ သောက်သုံးရေ ၂၆ဝဝ ဂါလန်နှင့် ရေသန့်ဘူး ကြီးများကို လည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ မြောက်ရေကြည်ကျေးရွာ၊ ပန်းတောင်း မြို့နယ်၊ နသုန် ကျေးရွာနှင့် ပြည်မြို့၊ အောင်ဆန်းသာယာရပ်ကွက်၊ ဓမ္မပါလဘုန်းတော်ကြီး ကျောင်း၌ သောက်သုံး ရေ ဂါလန် ၃ဝဝ၈ ဂါလန်ကို လည်းကောင်း အသီးသီးသွားရောက်ဖြန့်ဝေ လှူဒါန်းကြသည်။ 

ရေလှူဒါန်းမှု အနေဖြင့် ယနေ့တွင် တိုင်း စစ်ဌာနချုပ် ၇ တိုင်းတို့မှ သောက်သုံးရေ ဂါလန် ၁၉၈ဝ၈ ဂါလန်ကို လှူဒါန်း ပေးနိုင်ခဲ့ပြီး အဆိုပါသောက်သုံးရေရှားပါးမှုကြုံတွေ့နေရ သောနေရာများသို့ သောက်သုံးရေလိုအပ်ချက် အပေါ်မူတည်၍ ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News