တပ္မေတာ္ ျမစ္တြင္းသြား ေဆး႐ံုေရယာဥ္ (ေရႊပုဇြန္)ႏွင္႕ျမစ္ေရယာဥ္(စကု)တုိ့ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ 

တပ္မေတာ္ ျမစ္တြင္းသြား ေဆး႐ံုေရယာဥ္ (ေရႊပုဇြန္)ႏွင္႕ျမစ္ေရယာဥ္(စကု)တုိ့ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၂ဝ 

 

ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ေက်းရြာ မ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးရန္ ေရာက္ရွိေနသည့္ တပ္မေတာ္နယ္လွည့္ အထူးကုေဆးအဖြဲ႕မ်ား ပါဝင္ေသာ တပ္မေတာ္ ျမစ္တြင္း သြား ေဆး႐ံုေရယာဥ္ (ေရႊပုဇြန္)ႏွင့္ ျမစ္ေရယာဥ္(စကု)တို႔သည္ ယေန႔တြင္ ဧရာဝတီတုိင္း ေဒသႀကီး၊ ဖ်ာပံုၿမိဳ႕နယ္၊ ရွမ္းကြင္းေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ ေဒသခံျပည္သူ ၅၇ဝ ဦးအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္း မ်ား ေဆာင္ရြက္ေပးသည္။ 

 

 ထုိသို႔ေဆာင္ရြက္ ေပးရာတြင္ ေဆးကုသမႈ ဆုိင္ရာေရာဂါ ၆၅ ဦး၊ ခြဲစိတ္ေရာဂါ ၄၂ ဦး၊ သားဖြား/ မီးယပ္ေရာဂါ ၃၇ ဦး၊ ကေလး ေရာဂါ ၅၅ ဦး၊ အ႐ုိးေရာဂါ ၁၂၉ ဦး၊ နား/ ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ ၄၁ ဦး၊ မ်က္စိ ေရာဂါ ၁ဝ၃ ဦးႏွင့္ သြားေရာဂါ ၉၈ ဦးတုိ႔ကို လုိအပ္သည့္ေဆးဝါးကုသမႈမ်ားေဆာင္ရြက္ ေပးၿပီတုိ႔အနက္မွ မ်က္စိခြဲစိတ္လူနာ ကိုးဦးႏွင့္ အေထြေထြခြဲစိတ္လူနာ ၂၄ ဦးတို႔ကို ခြဲစိတ္ကုသမႈမ်ားေဆာင္ရြက္ေပးကာ ဓာတ္မွန္႐ုိက္လူနာ ၂၈ ဦး၊ တယ္လီေဗးရွင္း ဓာတ္ မွန္႐ုိက္လူနာ ၃၁ ဦး၊ ECG စက္ျဖင့္ ႏွလံုး စမ္းသပ္လူနာ ၃၃ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္ လူနာ ၇၆ ဦးတို႔ကို ေရာဂါရွာေဖြ စမ္းသပ္ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္း သတင္းရရွိသည္။  

 

(Unicode Version)

 

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် 

နေပြည်တော် မေ ၂ဝ 

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ များမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော် မြစ်တွင်း သွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်၊ ရှမ်းကွင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၇ဝ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၆၅ ဦး၊ ခွဲစိတ်ရောဂါ ၄၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၇ ဦး၊ ကလေး ရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၁၂၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၁ ဦး၊ မျက်စိ ရောဂါ ၁ဝ၃ ဦးနှင့် သွားရောဂါ ၉၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက် ပေးပြီတို့အနက်မှ မျက်စိခွဲစိတ်လူနာ ကိုးဦးနှင့် အထွေထွေခွဲစိတ်လူနာ ၂၄ ဦးတို့ကို ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၂၈ ဦး၊ တယ်လီဗေးရှင်း ဓာတ် မှန်ရိုက်လူနာ ၃၁ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၃၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၇၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။   

Recent News