သန္လ်င္ၿမိဳ႔နယ္၊ လက္ယက္စမ္း ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

သန္လ်င္ၿမိဳ႔နယ္၊ လက္ယက္စမ္း ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၂၁ 

 

ရန္ကုန္တုိင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္၊ထမလံုေက်းရြာအုပ္စု၊ လက္ယက္စမ္း ေက်းရြာ ႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာရွိ ဓမၼဝိဟာရ ထမလံုေက်ာင္းတုိက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သံဃာေတာ္ငါးပါး၊ သာသနာ့ အႏြယ္ဝင္သီလရွင္ ႏွစ္ပါးႏွင့္ ေဒသခံျပည္သူ ၂ဝ၈ ဦးတုိ႔ကို ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ကေလးေရာဂါ၊ အ႐ုိး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို သန္လ်င္တပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ ၾကည့္႐ႈအားေပးၿပီး ဘုန္းေတာ္ႀကီးေက်ာင္းတုိက္ ဆရာေတာ္ ဘဒၵႏၲလကၡဏအား ဖူးေျမာ္၍ ဆန္၊ ဆီႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

သန်လျင်မြို့နယ်၊ လက်ယက်စမ်း ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၂၁ 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ထမလုံကျေးရွာအုပ်စု၊ လက်ယက်စမ်း ကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ဓမ္မဝိဟာရ ထမလုံကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်ငါးပါး၊ သာသနာ့ အနွယ်ဝင်သီလရှင် နှစ်ပါးနှင့် ဒေသခံပြည်သူ ၂ဝ၈ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ ဆောင်ရွက်ပေးမှုများကို သန်လျင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တလက္ခဏအား ဖူးမြော်၍ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Recent News