အေျခခံပညာစာသင္ေက်ာင္းမ်ား၌ စုေပါင္းသန့္ရွင္းေရးမ်ား ဆက္လက္ျပဳလုပ္ 

အေျခခံပညာစာသင္ေက်ာင္းမ်ား၌ စုေပါင္းသန့္ရွင္းေရးမ်ား ဆက္လက္ျပဳလုပ္ 

ေနျပည္ေတာ္ ေမ ၂၁

 

 ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေက်ာင္းဖြင့္ ခ်ိန္တြင္ စိတ္ေအးခ်မ္းသာစြာ ပညာသင္ၾကား ႏုိင္ေစရန္ႏွင့္ ေက်ာင္းပတ္ ဝန္းက်င္ သန္႔ရွင္း သာယာလွပေစေရးတို႔အတြက္ သက္ဆုိင္ရာ တုိင္းစစ္ဌာနခ်ဳပ္မ်ား အလိုက္ အေျခခံပညာ ေက်ာင္းမ်ား၌ သန္႔ရွင္းေရး လုပ္ငန္းမ်ား စုေပါင္း ေဆာင္ရြက္ေပးလ်က္ရွိသည္။ 

 

 ထုိသို႔ေဆာင္ရြက္ေပးရာ၌ ယေန႔တြင္ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက လား႐ိႈးၿမိဳ႕ရွိ အမွတ္ (၇) အေျခခံပညာ အထက္တန္းေက်ာင္း၌ လည္းေကာင္း၊ ကမ္း႐ိုးတန္းေဒသ တုိင္းစစ္ ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္ သားမ်ားက ဘုတ္ျပင္းၿမိဳ႕နယ္၊ ျပည္ႀကီးမ႑ိဳင္ၿမိဳ႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္းႏွင့္ ဟန္ ကဒိုင္း ေက်းရြာရွိ အေျခခံပညာမူလတန္းလြန္ ေက်ာင္းတို႔၌လည္းေကာင္း၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္ သားမ်ားက လွည္းကူးၿမိဳ႕နယ္၊ ဇရပ္ကြင္းေက်းရြာရွိ အေျခခံပညာအထက္တန္းေက်ာင္း (အင္းတုိင္)၌ လည္းေကာင္း၊ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက ဂြၿမိဳ႕နယ္၊ အလယ္ရြာေက်းရြာရွိ အေျခခံပညာ မူလတန္း (မူလြန္)ေက်ာင္း၌လည္းေကာင္း စုေပါင္းသန္႔ရွင္းေရး လုပ္ငန္းမ်ား အသီးသီးေဆာင္ရြက္ ေပးသည္။ 

 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ တုိင္းစစ္ ဌာနခ်ဳပ္အသီးသီးမွ နယ္ေျမခံတပ္မေတာ္ သားမ်ားႏွင့္ မိသားစုဝင္မ်ားက ေက်ာင္းဝင္း မ်ား အတြင္း/အျပင္ရွိ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ အမႈိက္မ်ားရွင္းလင္း ျခင္းႏွင့္ စာသင္ခံုမ်ားျပဳျပင္ေပးျခင္း၊ စာသင္ ခံုမ်ား ေနရာခ်ထားေပးျခင္းႏွင့္ ေရစီးေရလာ ေကာင္းမြန္ေစေရးအတြက္ ေရႏုတ္ ေျမာင္း မ်ားတူးေဖာ္ေပးျခင္းတို႔ကို စုေပါင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

အခြေခံပညာစာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးများ ဆက်လက်ပြုလုပ် 

နေပြည်တော် မေ ၂၁ 

ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့် ချိန်တွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်စေရန်နှင့် ကျောင်းပတ် ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးတို့အတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် အခြေခံပညာ ကျောင်းများ၌ သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ပေးရာ၌ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လားရှိုးမြို့ရှိ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဟန် ကဒိုင်း ကျေးရွာရှိ အခြေခံပညာမူလတန်းလွန် ကျောင်းတို့၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (အင်းတိုင်)၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဂွမြို့နယ်၊ အလယ်ရွာကျေးရွာရှိ အခြေခံပညာ မူလတန်း (မူလွန်)ကျောင်း၌လည်းကောင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ အသီးသီးဆောင်ရွက် ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းစစ် ဌာနချုပ်အသီးသီးမှ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များက ကျောင်းဝင်း များ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်း ခြင်းနှင့် စာသင်ခုံများပြုပြင်ပေးခြင်း၊ စာသင် ခုံများ နေရာချထားပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ် မြောင်း များတူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Recent News