ဘုတ္ျပင္းၿမိဳ႔နယ္၊ ဟန္ကဒိုင္းေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ 

ဘုတ္ျပင္းၿမိဳ႔နယ္၊ ဟန္ကဒိုင္းေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၂၁ 

 

တနသၤာရီတိုင္း ေဒသႀကီး၊ ဘုတ္ျပင္းၿမိဳ႕ နယ္၊ ဟန္ကဒိုင္း ေက်းရြာရွိ ေဒသခံျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္း ေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသ ေရးအဖြဲ႕က အဆိုပါ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး႐ံုး၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေဒသခံျပည္သူ ၁၃၇ ဦးကို ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါ၊ သြားႏွင့္ ခံတြင္း ေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ သားဖြား/ မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အဆုတ္ႏွင့္ အသက္႐ွဴ လမ္းေၾကာင္း ဆိုင္ရာေရာဂါ၊ အေရ ျပားေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေသြးလြန္တုပ္ေကြး ေရာဂါႏွင့္ ကာကြယ္ရန္ နည္းလမ္းမ်ား အေၾကာင္း က်န္းမာေရးအသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။                   

 

(Unicode Version)

 

ဘုတ်ပြင်းမြို့နယ်၊ ဟန်ကဒိုင်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်  

နေပြည်တော် မေ ၂၁ 

တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့ နယ်၊ ဟန်ကဒိုင်း ကျေးရွာရှိ ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၁၃၇ ဦးကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွားနှင့် ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အဆုတ်နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ၊ အရေ ပြားရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးလွန်တုပ်ကွေး ရောဂါနှင့် ကာကွယ်ရန် နည်းလမ်းများ အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။         

Recent News