ဇီးကုန္းၿမိဳ႔နယ္ အတြင္း ေလျပင္း တုိက္ခတ္မႈေၾကာင့္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ေက်းရြာမ်ားသို့ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ 

ဇီးကုန္းၿမိဳ႔နယ္ အတြင္း ေလျပင္း တုိက္ခတ္မႈေၾကာင့္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ေက်းရြာမ်ားသို့ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၂၁ 

 

ပဲခူးတုိင္းေဒသႀကီး၊ ဇီးကုန္းၿမိဳ႕နယ္အတြင္း ေမ ၂ဝ ရက္ ညေနပုိင္းတြင္ မုိးသည္းထန္စြာ ရြာသြန္းၿပီး ေလျပင္းတုိက္ခတ္မႈေၾကာင့္ ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ား၌ ဘုန္းႀကီး ေက်ာင္းခုနစ္ေက်ာင္း၊စာသင္ေက်ာင္း သံုးေက်ာင္း၊ လူေနအိမ္ ၂၂ လံုးႏွင့္ ၾကက္ၿခံတစ္ၿခံတုိ႔ အမုိးလန္၊ ၿပိဳက် ပ်က္စီးျခင္းမ်ား ျဖစ္ေပၚခဲ့သည္။ 

 

အဆုိပါေလျပင္းတုိက္ခတ္မႈေၾကာင့္ ပ်က္စီးျခင္းမ်ား ျဖစ္ေပၚခဲ့ေသာ ေက်းရြာမ်ားသို႔ ယေန႔တြင္ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္၊ အင္းမတပ္နယ္မွ တပ္မေတာ္သားမ်ားက ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ တည္ေဆာက္ေရး လုပ္ငန္းမ်ား သြားေရာက္ ေဆာင္ရြက္ေပးသည္။ ယင္းသို႔ေဆာင္ရြက္ေပးမႈမ်ားကုိ တပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ ၾကည့္႐ႈအားေပးၿပီး လုိအပ္သည္မ်ား ညိႇႏိႈင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ဇီးကုန်းမြို့နယ် အတွင်း လေပြင်း တိုက်ခတ်မှုကြောင့်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၂၁ 

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်အတွင်း မေ ၂ဝ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဘုန်းကြီး ကျောင်းခုနစ်ကျောင်း၊စာသင်ကျောင်း သုံးကျောင်း၊ လူနေအိမ် ၂၂ လုံးနှင့် ကြက်ခြံတစ်ခြံတို့ အမိုးလန်၊ ပြိုကျ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သော ကျေးရွာများသို့ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အင်းမတပ်နယ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News