ပန္းေတာင္းၿမိဳ႔နယ္၊ ၾကာအင္းေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ပန္းေတာင္းၿမိဳ႔နယ္၊ ၾကာအင္းေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၂၁ 

 

ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၊ ၾကာအင္းေက်းရြာရွိ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါေက်းရြာရွိ စိတၱသုခ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေဒသခံျပည္သူ ၁၁၆ ဦးကို ႏွလံုးေရာဂါ၊ ေသြးတုိးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူႏွစ္ဦးကို ဥသွ်စ္ပင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ 

 

ထို႔ျပင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူမ်ားအား ေသြးတိုးေရာဂါ အေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ ေပးသည္။ ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို ပန္းေတာင္းတပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ ၾကည့္႐ႈ အားေပးၿပီး ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ ဘဒၵႏၲပညာသာမိအား ဖူးေျမာ္၍ ဆန္၊ ဆီႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ပန်းတောင်းမြို့နယ်၊ ကြာအင်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၂၁ 

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကြာအင်းကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၁၆ ဦးကို နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူနှစ်ဦးကို ဥသျှစ်ပင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

ထို့ပြင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုးရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက် ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို ပန်းတောင်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တပညာသာမိအား ဖူးမြော်၍ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News