

နေပြည်တော် မေ ၂၁ 

 


 


 

(Unicode Version)

 

အမ်းမြို့နယ်၊ အမ်းမြို့သစ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မေ ၂၁ 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းမြို့သစ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် တတိယတန်း(ွ Grade-3) သင်ရိုးသစ် သင်တန်းတက်ရောက်လျက် ရှိသည့် ဆရာ၊ ဆရာမများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ၇၂၄ ဦးကို သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး အပူဒဏ်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။     

Recent News