တပ္မေတာ္ ျမစ္တြင္းသြား ေဆး႐ံုေရယာဥ္(ေရႊပုဇြန္)ႏွင္႕ ျမစ္ေရယာဥ္(စကု)တို့ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

တပ္မေတာ္ ျမစ္တြင္းသြား ေဆး႐ံုေရယာဥ္(ေရႊပုဇြန္)ႏွင္႕ ျမစ္ေရယာဥ္(စကု)တို့ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

ေနျပည္ေတာ္ ေမ ၂၁ 

 

ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးရန္ ေရာက္ရွိေနသည့္ တပ္မေတာ္နယ္လွည့္ အထူးကုေဆးအဖြဲ႕မ်ားပါဝင္ေသာ တပ္မေတာ္ျမစ္တြင္း သြား ေဆး႐ံုေရယာဥ္ (ေရႊပုဇြန္)ႏွင့္ ျမစ္ေရယာဥ္(စကု)တို႔သည္ ယေန႔တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပံုၿမိဳ႕နယ္၊ ခေနာင္း ရွမ္းကြင္းေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေဒသခံျပည္သူ ၉၆၃ ဦးအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

 ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ မႈဆိုင္ရာေရာဂါ ၁၂၃ ဦး၊ ခြဲစိတ္ေရာဂါ ၇၅ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၆ဝ ဦး၊ ကေလး ေရာဂါ ၈၈ ဦး၊ အ႐ိုးေရာဂါ ၁၉၇ ဦး၊ နား/ ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ ၇၁ ဦး၊ မ်က္စိ ေရာဂါ ၂ဝ၆ ဦးႏွင့္ သြားေရာဂါ ၁၄၃ ဦးတို႔ကို လိုအပ္သည့္ေဆးဝါးကုသမႈမ်ားေဆာင္ ရြက္ေပးၿပီး ၄င္းတို႔အနက္မွ မ်က္စိခြဲစိတ္ လူနာ ခုနစ္ဦးႏွင့္ အေထြေထြခြဲစိတ္လူနာ ၁၄ ဦးတို႔ကို ခြဲစိတ္ကုသမႈမ်ားေဆာင္ရြက္ ေပးကာ ဓာတ္မွန္႐ိုက္လူနာ ၂၅ ဦး၊ တယ္လီ ေဗးရွင္းဓာတ္မွန္႐ိုက္လူနာ ၃၇ ဦး၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္လူနာ ၂၁ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္လူနာ ၆၃ ဦးတို႔ကို ေရာဂါ ရွာေဖြစမ္းသပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် 

နေပြည်တော် မေ ၂၁ 

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်း သွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ခနောင်း ရှမ်းကွင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၆၃ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ မှုဆိုင်ရာရောဂါ ၁၂၃ ဦး၊ ခွဲစိတ်ရောဂါ ၇၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆ဝ ဦး၊ ကလေး ရောဂါ ၈၈ ဦး၊ အရိုးရောဂါ ၁၉၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၁ ဦး၊ မျက်စိ ရောဂါ ၂ဝ၆ ဦးနှင့် သွားရောဂါ ၁၄၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင် ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ် လူနာ ခုနစ်ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၄ ဦးတို့ကို ခွဲစိတ်ကုသမှုများဆောင်ရွက် ပေးကာ ဓာတ်မှန်ရိုက်လူနာ ၂၅ ဦး၊ တယ်လီ ဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၃၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၃ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News