ေသာက္သံုးေရရွားပါးမႈႀကံဳေတြ႔ေနရေသာေက်းရြာမ်ားသို့ တုိင္းစစ္ဌာနခ်ဳပ္အသီးသီးမွ တပ္မေတာ္သားမ်ားက ေသာက္သံုးေရမ်ားဆက္လက္ျဖန့္ေဝလွဴဒါန္း 

ေသာက္သံုးေရရွားပါးမႈႀကံဳေတြ႔ေနရေသာေက်းရြာမ်ားသို့ တုိင္းစစ္ဌာနခ်ဳပ္အသီးသီးမွ တပ္မေတာ္သားမ်ားက ေသာက္သံုးေရမ်ားဆက္လက္ျဖန့္ေဝလွဴဒါန္း 

ေနျပည္ေတာ္ ေမ ၂၁  

 

ႏွစ္စဥ္ေႏြရာသီတြင္ ေသာက္သံုးေရရွားပါးမႈ ႀကံဳေတြ႕ေနရေသာ ျပည္နယ္ႏွင့္တုိင္းေဒသႀကီးအခ်ဳိ႕ရွိ ေက်းရြာမ်ားသို႔ သက္ဆုိင္ရာ တုိင္းစစ္ဌာနခ်ဳပ္မ်ားမွ တပ္မေတာ္သားမ်ားက ေရသယ္ယာဥ္မ်ားျဖင့္ ေသာက္သံုးေရမ်ား သြားေရာက္ ျဖန္႔ေဝ လွဴဒါန္းေပးလ်က္ရွိသည္။ 

 

 ထုိသို႔ျဖန္႔ေဝလွဴဒါန္းေပးလ်က္ရွိရာ ယေန႔တြင္ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္က ေရႊေညာင္ၿမိဳ႕၊   ေအာင္သေျပအမွတ္ (၅)ရပ္ကြက္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ၾကာအင္းေက်းရြာႏွင့္ လယ္ယမ္းၾကား ေက်းရြာမ်ားသို႔ ေသာက္သံုးေရ ဂါလန္ ၂၁ဝ၅ ကိုလည္းေကာင္း၊ ကမ္း႐ုိး တန္းေဒသတုိင္းစစ္ဌာနခ်ဳပ္က တနသၤာရီၿမိဳ႕နယ္၊ ေညာင္ပင္ကြင္းအေရွ႕ကမ္းေက်းရြာ သုိ႔ ေသာက္သံုးေရဂါလန္ ၈ဝဝ ကိုလည္း‌ေကာင္း၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္က ေမွာ္ဘီၿမိဳ႕နယ္၊ ေရစင္ ေတာင္ေက်းရြာသို႔ေသာက္သံုးေရ ၄၆ဝဝဂါလန္ႏွင့္ ေရသန္႔ဘူးႀကီးမ်ားကိုလည္းေကာင္း၊ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္က ဟုိင္း ႀကီးၿမိဳ႕၊ ကြင္းေလးေက်းရြာသို႔ ေသာက္သံုးေရ ဂါလန္ ၂၅ဝဝ ကိုလည္းေကာင္း၊ အေနာက္ ပုိင္းတုိင္းစစ္ဌာနခ်ဳပ္က ေတာင္ကုတ္ၿမိဳ႕နယ္၊ ေက်ာက္ေမာင္ႏွမေက်းရြာသို႔ ေသာက္သံုးေရ ဂါလန္ ၃၆ဝဝ ႏွင့္ ေရသန္႔ဘူးႀကီးမ်ားကိုလည္း ေကာင္း၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္က နတ္ေမာက္ၿမိဳ႕နယ္၊ ဝမ္းဘဲအင္းေက်းရြာႏွင့္ ငဖဲၿမိဳ႕နယ္၊ ေက်ာက္ဆံု ေက်းရြာမ်ားသို႔ ေသာက္သံုးေရ ၃၄ဝဝ ကိုလည္းေကာင္း၊ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္က ေတာင္ငူၿမိဳ႕နယ္၊ ပဲခ်က္ကုန္း ေက်းရြာ၊ ထန္းပင္ေကာက္ ေက်းရြာ၊ ပန္းေတာင္းၿမိဳ႕နယ္၊ ဖန္ခါးပင္ေက်းရြာ၊ ကရင္ခံုေက်းရြာႏွင့္ နဖူးက်င္းေက်းရြာ မ်ားသို႔ ေသာက္သံုးေရဂါလန္ ၈၄၈၈ဂါလန္ႏွင့္ ေရသန္႔ဘူးႀကီးကို လည္းေကာင္း အသီးသီးသြား ေရာက္ျဖန္႔ေဝ လွဴဒါန္းၾကသည္။

 

 ေရလွဴဒါန္းမႈအေနျဖင့္ ယေန႔တြင္ တုိင္း စစ္ဌာနခ်ဳပ္ ၇ တုိင္းတုိ႔မွ ေသာက္သံုးေရဂါလန္ ၂၅၄၉၃ ဂါလန္ကို လွဴဒါန္း ေပးႏုိင္ခဲ့ ၿပီး အဆုိပါေသာက္သံုးေရရွားပါးမႈႀကံဳေတြ႕ ေနရေသာေနရာမ်ားသို႔ ေသာက္သံုးေရ လုိအပ္ခ်က္ အေပၚ မူတည္၍ ဆက္လက္ လွဴဒါန္းသြား မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။  

 

(Unicode Version)

 

သောက်သုံးရေရှားပါးမှုကြုံတွေ့နေရသောကျေးရွာများသို့ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများဆက်လက်ဖြန့်ဝေလှူဒါန်း 

နေပြည်တော် မေ ၂၁ 

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက် ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိသည်။ 

ထိုသို့ဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ရွှေညောင်မြို့၊ အောင်သပြေအမှတ် (၅)ရပ်ကွက်၊ ရပ်စောက်မြို့နယ်၊ ကြာအင်းကျေးရွာနှင့် လယ်ယမ်းကြား ကျေးရွာများသို့ သောက်သုံးရေ ဂါလန် ၂၁ဝ၅ ကိုလည်းကောင်း၊ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအရှေ့ကမ်းကျေးရွာ သို့ သောက်သုံးရေဂါလန် ၈ဝဝ ကိုလည်း‌ကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က မှော်ဘီမြို့နယ်၊ ရေစင် တောင်ကျေးရွာသို့သောက်သုံးရေ ၄၆ဝဝဂါလန်နှင့် ရေသန့်ဘူးကြီးများကိုလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဟိုင်း ကြီးမြို့၊ ကွင်းလေးကျေးရွာသို့ သောက်သုံးရေ ဂါလန် ၂၅ဝဝ ကိုလည်းကောင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်က တောင်ကုတ်မြို့နယ်၊ ကျောက်မောင်နှမကျေးရွာသို့ သောက်သုံးရေ ဂါလန် ၃၆ဝဝ နှင့် ရေသန့်ဘူးကြီးများကိုလည်း ကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာနှင့် ငဖဲမြို့နယ်၊ ကျောက်ဆုံ ကျေးရွာများသို့ သောက်သုံးရေ ၃၄ဝဝ ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ ပဲချက်ကုန်း ကျေးရွာ၊ ထန်းပင်ကောက် ကျေးရွာ၊ ပန်းတောင်းမြို့နယ်၊ ဖန်ခါးပင်ကျေးရွာ၊ ကရင်ခုံကျေးရွာနှင့် နဖူးကျင်းကျေးရွာ များသို့ သောက်သုံးရေဂါလန် ၈၄၈၈ဂါလန်နှင့် ရေသန့်ဘူးကြီးကို လည်းကောင်း အသီးသီးသွား ရောက်ဖြန့်ဝေ လှူဒါန်းကြသည်။ 

ရေလှူဒါန်းမှုအနေဖြင့် ယနေ့တွင် တိုင်း စစ်ဌာနချုပ် ၇ တိုင်းတို့မှ သောက်သုံးရေဂါလန် ၂၅၄၉၃ ဂါလန်ကို လှူဒါန်း ပေးနိုင်ခဲ့ ပြီး အဆိုပါသောက်သုံးရေရှားပါးမှုကြုံတွေ့ နေရသောနေရာများသို့ သောက်သုံးရေ လိုအပ်ချက် အပေါ် မူတည်၍ ဆက်လက် လှူဒါန်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။  

Recent News